ပြန်ချစ်နိုင်ဖို့အတွက် အကြောင်းပြချက်လေးတစ်ခုပေးပါ လို့ပြောလိုက်တဲ့ Pancake ဒါဒါ

( Zawgyi ဖြင့်ဖတ်ရန် )

မနေ့ညကတော့ Pancake တစ်ယောက် သူမရဲ့ facebook page ပေါ်မှာ ပြန်ပြီးချစ်နိုင်ဖို့အတွက် အကြောင်းပြချက်လေးတစ်ခုသာပေးပါ ဆိုတဲ့ စာသားလေးတစ်ခုကိုတင်ခဲ့တာတွေ့ရပါတယ်။ Lil’Z ရဲ့သီချင်းလေးကိုနားထောင်နေရင်းနဲ့ပဲတင်လိုက်တာလား ( ဒါမှမဟုတ် ) ပရိတ်သတ်တွေမသိသေးတဲ့တစ်ခုခုကိုပဲရည်ညွှန်းသလားဆိုတာကတော့ Pancake တစ်ယောက်ပဲသိမှာပါ။ ပို့စ်အောက်မှာတော့ ဖန်တွေရဲ့ အမြင်အမျိုးမျိုးနဲ့ကွန်မန့်တွေကိုလည်းတွေ့ရပါသေးတယ်။

ပန်ကိတ် နဲ့ ရွှေထူး တို့ဟာပြီးခဲ့တဲ့မေလ ကပဲလမ်းခွဲလိုက်ကြပြီလို့ ရွှေထူးကိုယ်တိုင် သူ့ရဲ့ facebook မှာ live လွှင့်ရင်းပြောခဲ့တာပါ။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ပန်ကိတ် ဘက်ကလည်းဘာမှတုံ့ပြန်ထားတာမရှိခဲ့ပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ချစ်သူတွေအဖြစ်အသိအမှတ်ပြုထားဆဲဖြစ်ပြီး နှစ်ယောက်သားကြားထဲမှာ ရှေ့ဆက်ဖို့အတွက်ကြိုးစားနေကြဆဲလား၊ ဒါမှမဟုတ် အယ်လ်ဘမ်သစ်အတွက် ပရိတ်သတ်ဆီက အတန်းရှင်းယူတာလားဆိုတာတော့ ရွှေထူး နဲ့ ပန်ကိတ် တို့ရဲ့ ဖန်တွေကြားထဲမှာ ပဟေဠိတစ်ခုဖြစ်နေဆဲပါပဲ။

ဘာပဲဖြစ်ဖြစ် ချစ်တဲ့သူနှစ်ယောက်အခုလိုမျိုးတစ်ယောက်တစ်နေရာစီနဲ့မခေါ်မပြောဖြစ်နေတာကိုတော့ ဖန်တွေလည်းစိတ်မကောင်းကြပါဘူးလေ။ အမြန်ဆုံးပြန်ပြီးအဆင်ပြေနိုင်ပါစေလို့ WE ပရိသတ်ကြီးက ပန်ကိတ် တို့အတွဲလေးကို ဆုတောင်းရင်း ဒီပို့စ်လေးကို Share ပေးလိုက်ပါဦးနော်။

Gabriel
Credit : Yamin Oo ( Dar Dar ) facebook

( Unicode ျဖင္႕ဖတ္ရန္ )

ျပန္ခ်စ္ႏုိင္ဖုိ႕အတြက္ အေၾကာင္းျပခ်က္ေလးတစ္ခုေပးပါ လုိ႔ေျပာလုိက္တဲ႕ Pancake ဒါဒါ

မေန႕ညကေတာ႕ Pancake တစ္ေယာက္ သူမရဲ႕ facebook page ေပၚမွာ ျပန္ျပီးခ်စ္ႏုိင္ဖုိ႕အတြက္ အေၾကာင္းျပခ်က္ေလးတစ္ခုသာေပးပါ ဆုိတဲ႕ စာသားေလးတစ္ခုကုိတင္ခဲ႕တာေတြ႕ရပါတယ္။ Lil’Z ရဲ႕သီခ်င္းေလးကုိနားေထာင္ေနရင္းနဲ႕ပဲတင္လုိက္တာလား ( ဒါမွမဟုတ္ ) ပရိတ္သတ္ေတြမသိေသးတဲ႕တစ္ခုခုကုိပဲရည္ညႊန္းသလားဆုိတာကေတာ႕ Pancake တစ္ေယာက္ပဲသိမွာပါ။ ပုိ႕စ္ေအာက္မွာေတာ႕ ဖန္ေတြရဲ႕ အျမင္အမ်ဳိးမ်ဳိးနဲ႕ကြန္မန္႕ေတြကုိလည္းေတြ႕ရပါေသးတယ္။
ပန္ကိတ္ နဲ႕ ေရႊထူး တုိ႕ဟာျပီးခဲ႕တဲ႕ေမလ ကပဲလမ္းခြဲလုိက္ၾကျပီလုိ႕ ေရႊထူးကုိယ္တုိင္ သူ႕ရဲ႕ facebook မွာ live လႊင္႕ရင္းေျပာခဲ႕တာပါ။ အဲဒီအေၾကာင္းနဲ႕ပတ္သက္လုိ႕ ပန္ကိတ္ ဘက္ကလည္းဘာမွတုံ႕ျပန္ထားတာမရွိခဲ႕ပါဘူး။ ဒါေပမယ္႕ သူတုိ႕ႏွစ္ေယာက္လုံးရဲ႕ လူမွဳကြန္ယက္စာမ်က္ႏွာေတြမွာေတာ႕ ခ်စ္သူေတြအျဖစ္အသိအမွတ္ျပဳထားဆဲျဖစ္ျပီး ႏွစ္ေယာက္သားၾကားထဲမွာ ေရွ႕ဆက္ဖုိ႔အတြက္ၾကဳိးစားေနၾကဆဲလား၊ ဒါမွမဟုတ္ အယ္လ္ဘမ္သစ္အတြက္ ပရိတ္သတ္ဆီက အတန္းရွင္းယူတာလားဆုိတာေတာ႕ ေရႊထူး နဲ႕ ပန္ကိတ္ တုိ႕ရဲ႕ ဖန္ေတြၾကားထဲမွာ ပေဟဠိတစ္ခုျဖစ္ေနဆဲပါပဲ။
ဘာပဲျဖစ္ျဖစ္ ခ်စ္တဲ႕သူႏွစ္ေယာက္အခုလုိမ်ဳိးတစ္ေယာက္တစ္ေနရာစီနဲ႕မေခၚမေျပာျဖစ္ေနတာကုိေတာ႕ ဖန္ေတြလည္းစိတ္မေကာင္းၾကပါဘူးေလ။ အျမန္ဆုံးျပန္ျပီးအဆင္ေျပႏုိင္ပါေစလုိ႕ WE ပရိသတ္ၾကီးက ပန္ကိတ္ တုိ႕အတြဲေလးကုိ ဆုေတာင္းရင္း ဒီပုိ႕စ္ေလးကုိ Share ေပးလုိက္ပါဦးေနာ္။

Gabriel
Credit : Yamin Oo ( Dar Dar ) facebook 



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။