ရှားစောင်းလက်ပတ်ပင်ကို ဘယ်လိုစိုက်ပျိုးထိန်းသိမ်းရမလဲ

     ရှားစောင်းလက်ပတ်မှာ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေအများအပြားရှိပြီး ဆေးဖက်ဝင်အပင်တစ်ပင်ဆိုလည်းမမှားပါဘူး…။ အိမ်တိုင်းမှာလည်း ရှားစောင်းလက်ပတ်ပင်တွေကို စိုက်ပျိုးလာကြပြီး စိုက်ပျိုးရလွယ်ကူတဲ့ အပင်မျိုးလည်းဖြစ်ပါတယ်…။ ဒါပေမယ့် သေချာပြုစုပျိုးထောင်ပေးဖို့တော့ လိုမယ်နော်…။

ရှားစောင်းလက်ပတ်ပင်တွေက အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တာများတဲ့ အပင်မျိုးဖြစ်ပါတယ်…။ သူကို အိမ်အပြင် နေရောင်ရတဲ့နေရာမျိုးတွေမှာ စိုက်ပျိုးထားသင့်ပါတယ် …။ ဒီထက်အသေးစိတ်ကျစွာ ဂရုစိုက်ပေးဖို့လိုတဲ့ အချက်တွေလည်း အများကြီးရှိပါသေးတယ်နော်…။

- ရှားစောင်းလက်ပတ်ပင်ကို နေရောင်ခြည်ရတဲ့ နေရာမျိုးမှာ ဂရုတစိုက်နဲ့ စိုက်ပျိုးထားသင့်ပါတယ်…။ နေရောင်ခြည်နဲ့တိုက်ရိုက်ကြီးထိတွေ့နေတဲ့နေရာမျိုးထက် နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့
တဲ့ နေရာမျိုးမှာပဲထားပေးသင့်ပါတယ်…။

ရှားစောင်းလက်ပတ်ပင်ကို နေရောင်ခြည်နဲ့ထိတွေ့ပေးတဲ့အခါမှာ  တစ်နေ့ကိုနေရောင်ခြည် ၆ နာရီကနေ ၈ နာရီထိပဲ ထိတွေ့ပေးသင့်ပါတယ်နော်…။

- ရေလောင်းပေးတဲ့အခါမှာလည်း ရေကိုများများနဲ့ ဖြည်းဖြည်းလေးလောင်းပြီး ရှားစောင်းလက်ပတ်ပင်စိုက်ထားတဲ့ အိုးအောင်ခြေထိရေစိမ့်အောင် လောင်းပေးရပါမယ် …။ ရေလောင်းထားတဲ့ မြေကြီးမခြောက်ပဲနောက်ထပ် တစ်ရေထပ်မလောင်းဖို့လည်း သတိပြုပါ…။

ဧပြီလကနေ အောက်တိုဘာလတွေမှာ ရေကိုတစ်ပတ်မှာတစ်ခါပဲလောင်းပေးသင့်ပြီး ဆောင်းရာသီမှာဆိုရင်တော့ ရေကိုတစ်လမှာ နှစ်ပတ်ခြားတစ်ခါလောက်ပဲလောင်းပေးသင့်ပါတယ် …။ သင့်အနေနဲ့ ရှားစောင်းလက်ပတ်ပင်ကို အိုးပြောင်းတော့မယ်ဆိုရင်လည်း ရေလောင်းပြီး ၃ ရက်လောက်ကြာမှ အိုးပြောင်းပြီးစိုက်ပေးလို့ရပါမယ်နော်…။

- ဧပြီလကနေ စက်တင်ဘာလထိက ရှားစောင်းလက်ပတ်ပင်တွေအတွက် ဖွံဖြိုးမှုအကောင်းဆုံးအချိန်ပါ…။ ဒီလိုအချိန်မျိုးမှာ ရှားစောင်းလက်ပတ်ပင်တွေအတွက် မြေသြဇာဓာတ်တွေလည်း ထည့်ပေးဖို့လိုအပ်ပါတယ်…။ ရှားစောင်းလက်ပတ်ပင်တွေ ဖွံ့ဖြိုးမှုအားကောင်းနေတဲ့ အချိန်တွေမှာ တစ်လမှာနှစ်ကြိမ်လောက်တော့ မြေသြဇာထည့်ပေးသင့်ပါတယ်…။

ဆောင်းရာသီကိုရောက်သွားပြီဆိုရင်တော့ မြေသြဇာထည့်တာကိုရပ်လိုက်သင့်ပါပြီနော်…။

- ရှားစောင်းလက်ပတ်ပင်တွေရဲ့ အမြစ်တွေကောင်းစွာ ရှင်သန်နေမှ အပင်လည်းသန်မာမှာဖြစ်ပါတယ်…။ ဒါကြောင့် ရှားစောင်းလက်ပတ်ပင်တွေရဲ့ အမြစ်တွေကောင်းမွန်စွာရှင်သန်နိုင်ဖို့အတွက် အိုးကြီးကြီးတွေနဲ့ပဲ စိုက်ပျိုးသင့်ပါတယ်…။ ရှားစောင်းလက်ပတ်ပင်ရဲ့ အရွယ်အစားကြီးလာတာနဲ့အမျှ အပင်ထက်ပိုကြီးတဲ့ အိုးမျိုးနဲ့ပြောင်းရွေ့ပြီး စိုက်ပျိုးရပါမယ်…။

- ရှားစောင်းလက်ပတ်ပင်စိုက်ထားတဲ့ ပန်းအိုးထဲမှာ ကျောက်တုံးလေးတွေထည့်ပေးထားသင့်ပါတယ်…။ ကျောက်တုံးလေးတွေထည့်ပေးတာက ရှားစောင်းလက်ပတ်ပင်စိုက်ထားတဲ့ မြေကြီးရဲ့စိုထိုင်းမှုကို ကြာရှည်ပိုခံစေတာကြောင့် ရှားစောင်းလက်ပတ်ပင်ကို ပိုမိုသန်စွမ်းစေပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။







X