အရပ်ပုတဲ့သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ဖက်ရှင်လေးမျိုး
အရပ်ပုတဲ့သူတွေနဲ့လိုက်ဖက်တဲ့ဖက်ရှင်တွေလည်း ရှိသလို၊ မလိုက်ဖက်တဲ့ဖက်ရှင်တွေလည်း ရှိပါတယ်။ ကိုယ်နဲ့မလိုက်ဖက်တဲ့ဖက်ရှင်တွေကို ရွေးချယ်မိရင် အရပ်ပိုပုသွားသလိုဖြစ်စေပြီး ကြည့်ရလည်းဆိုးစေပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်လေးတွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒီတော့ အရပ်ပုတဲ့သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ကန့်လန့်စင်းအဝတ်အစား
အရပ်ပုတဲ့သူတွေအနေနဲ့ ကန့်လန့်စင်းအဝတ်အစားတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကန့်လန့်စင်းအဝတ်အစားတွေက အရပ်ပိုပုသလိုဖြစ်သွားစေပါတယ်။ ဒါကြောင့် အရပ်ပုတဲ့သူတွေအနေနဲ့ ဝတ်မယ်ဆိုရင် ဒေါင်လိုက်စင်းအဝတ်အစားတွေကိုပဲ ဝတ်ဆင်သင့်ပါတယ်။ ဒါတွေကမှ အရပ်ပုတဲ့သူတွေနဲ့လိုက်ဖက်တဲ့ ဖက်ရှင်ပါ။
ဘောင်းဘီရှည်
အရပ်ပုတဲ့သူတွေဟာ ဘောင်းဘီရှည်ဝတ်တာနဲ့ မလိုက်ဖက်ပါဘူး။ အရပ်ပိုပုသွားစေတာမျိုးတော့မဟုတ်ပေမယ့် မလိုက်ဖက်တဲ့ဖက်ရှင်ထဲမှာတော့ ပါပါတယ်။ ဒါကြောင့် အရပ်ပုတဲ့သူတွေအနေနဲ့ ဘောင်းဘီရှည်ဝတ်မယ်ဆိုရင်တောင် ခြေမျက်စိအထက်နားကိုရောက်တဲ့ အောက်ရှူးဘောင်းဘီရှည်လေးတွေကိုဝတ်ပြီး ဒေါက်ဖိနပ်လေးတွေ စီးလိုက်မယ်ဆိုရင်တော့ အရပ်လည်း နည်းနည်းရှည်သွားသလို ဖြစ်စေပါတယ်။
ဂါဝန်ရှည်
အရပ်ပုတဲ့သူတွေက ဂါဝန်ရှည်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဂါဝန်ရှည်တွေက အရပ်ပိုပုသလိုဖြစ်စေလို့ပါ။ ဒေါက်ဖိနပ်စီးပြီး ဝတ်မယ်ဆိုရင်လည်း လမ်းလျှောက်ရတာ အဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့် အရပ်ပုတယ်ဆိုရင် ဂါဝန်ရှည်တွေကိုရွေးချယ်မယ့်အစား ဂါဝန်အတိုလေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။
Middle Skirt
ခြေသလုံးတစ်ဝက်ရောက်တဲ့ Middle Skirt တွေကလည်း အရပ်ပုတဲ့သူတွေနဲ့ မလိုက်ဖက်ပါဘူး။ အရပ်ပုတဲ့သူတွေက ခြေထောက်တိုတဲ့အတွက် ဒီလိုစကပ်မျိုးနဲ့မလိုက်ပါဘူး။ သူက ခြေတံကိုပိုတိုသွားသလိုဖြစ်စေပါတယ်။ ဒါကြောင့် ဝတ်မယ်ဆိုရင် စကပ်တိုလေးတွေကိုပဲ ဝတ်ဆင်ပါ။
ဘောင်းဘီရှည်
ဂါဝန်ရှည်
Middle Skirt
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။