ဇာတ်ကားရဲ့ Character နဲ့ အရမ်းအံဝင်ခွင်ကျ ဖြစ်နေလို့ရိုက်ဖြစ်တာပါဆိုတဲ့ အောန်ဆိုင်း


မြန်မာပြည်ရဲ့ Model Industry မှာ အအောင်မြင်ဆုံး High Fashion Model တစ်ယောက်ပါလို့ သတ်မှတ်ခြင်းခံထားရတဲ့ အောန်ဆိုင်းဟာ Magazine များရဲ့ Cover မျက်နှာဖုံးတော်တော်များများမှာ နေရာယူထားတဲ့ ထိပ်တန်း Model တစ်ယောက်ဆိုလည်းမမှားပါဘူး။


Model လောကမှာ အောင်မြင်နေတဲ့ အောန်ဆိုင်းဟာ ခုဆိုရင် ပရိသတ်တွေအတွက် ခြေလှမ်းအသစ်တစ်ခုကို ထပ်မံချပြတော့မှာပါ။ သူမဟာ မကြာခင်မှာရိုက်ကူးတော့မယ့် “နိုင်ငံကြီးသား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းကို “Awn Seng ချစ်ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့
နိုင်ငံကြီးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ဒီနေ့ ကန်တော့ပွဲပေးပြီး မကြာခင်
ရိုက်ဖြစ်ပါပြီ။” ဆိုပြီး ရေးထားပါတယ်။


ဒါပေမဲ့ တချို့ Model အလုပ်ကိုပဲအားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုတော့ “ဒါပေမဲ့ တချို့သောချစ်ရတဲ့
ပရိသတ်တွေက Awn Sengကို မော်ဒယ်အလုပ်တွေ မလုပ်ဖြစ်တော့ပဲ သရုပ်ဆောင်ပဲ လုပ်သွားတော့မလား
စိတ်ပူကြပါတယ်။ စိတ်မပူကြပါနဲ့လို့ Awn Sengက ဒီဇာတ်ကားလေးထဲက ကာရိုက်တာနဲ့
အရမ်းအံဝင်ခွင်ကျ ဖြစ်နေလို့ရယ် ချစ်ရတဲ့သူတွေကလဲ အားပေးတယ် ဆိုလို့ရယ် ဒီကားလေးကို ရိုက်ဖြစ်သွားတာပါ။
ဒီကားလေးပြီးရင်လဲ အရင်က Awn Sengပါပဲလို့ ချစ်ပေးကြတဲ့အတွက် တကယ့်ကိုစိတ်ရင်းနဲ့ Awn Seng အတွက် စဉ်းစားပေးကြတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။”ဆိုပြီးတော့လည်းရှင်းပြပေးထားပါတယ်
သူမရဲ့ Challenge အသစ်အနေနဲ့မို့ ဒီဇာတ်ကားထဲမှာ သူမဘယ်လိုအကောင်းဆုံးသရုပ်ဆောင်သွားမလဲဆိုတာ စောင့်မျှော်ကြရတာပေါ့။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။