ဗိုက်မှာအဆီတွေများနေလို့စိတ်ညစ်နေတဲ့သူတွေ စားပေးရမယ့်အစားအစာ (၅) မျိုး

ဗိုက်မှာအဆီတွေများနေတဲ့အခါမှာ လေကျင့်ခန်းလည်းမလုပ်ချင်ဘူး။ ဝိတ်လည်းအချချင်ဘူးဆိုရင်တော့ တစ်ခုခုပြောင်းလုပ်မှရဖြစ်မှာပါ။ ဘာမှမလုပ်ပဲ အဆီပိုတွေကျချင်လို့တော့ မရဘူးလေ။ အစားအသောက်တွေနဲ့လည်း အဆီတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက်များများစားပေးဖို့တော့ လိုတာပေါ့။ ဒါကြောင့် ဗိုက်မှာအဆီတွေများနေလို့ စိတ်ညစ်နေတဲ့သူတွေ စားပေးရမယ့်အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဖရဲသီး

ဖရဲသီးမှာက ရေဓာတ်များစွာပါဝင်လို့ ဝိတ်ကျဖို့နဲ့ အဆီပိုတွေလောင်ကျွမ်းဖို့ အရမ်းအထောက်အကူပြုတဲ့ အသီးပါ။ ထမင်းမစားခင်မှာ ဖရဲသီးကိုစားပေးပြီး ကျန်တဲ့အချိန်တွေမှာတော့ ဖရဲသီးဖျော်ရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင် တစ်လကျော် ၊ နှစ်လအတွင်းမှာ သိသိသာသာကိုဝိတ်ကျပြီး ဗိုက်ကအဆီတွေလည်း ကျသွားစေမှာပါ။

သခွားသီး

သခွားမှာ ကယ်လိုရီပါဝင်မှုနည်းပါးတဲ့အတွက် ဝိတ်ကျချင်တဲ့သူတွေနဲ့ ဗိုက်ချပ်ချင်တဲ့သူတွေ စားသုံးပေးသင့်တဲ့အသီးပါ။ စားမယ်ဆိုရင်တော့ နေ့တိုင်းပုံမှန်စားပေးဖို့ လိုပါတယ်။ ဒီတိုင်းမစားချင်ရင် ဖျော်သောက်လို့လည်း ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အရည်ရွှမ်းတဲ့အသီးဖြစ်တဲ့အတွက် ဝိတ်ကျပြီးကိုယ်ရည်စစ်စေဖို့နဲ့ အသားအရေလှပဖို့အတွက် အရမ်းအထောက်အကူပြုပါတယ်။ ညဘက်မှာ ထမင်းမစားပဲ ခရမ်းချဉ်သီးကိုစားပေးလို့လည်း ရပါတယ်။

ထောပတ်သီး

ထောပတ်သီးကလည်း ခန္ဓာကိုယ်အလေးချိန်ကိုကျသွားစေဖို့ ကူညီပေးနိုင်ပါတယ်။ ထောပတ်သီးကို ဒီတိုင်းစားပေးလို့လည်းရသလို၊ ဖျော်သောက်လို့လည်း ရပါတယ်။ ဗိုက်ကအဆီတွေကျသွားစေဖို့လည်း အထောက်အကူပြုပါတယ်။

Almond

Almond ကလည်း ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေလို့ အဆီကျချင်တဲ့သူတွေ စားပေးသင့်ပါတယ်။ အများကြီးမဟုတ်ပေမယ့် နေ့တိုင်းပုံမှန်လေးစားပေးရင် ပိုကောင်းပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။