ဒီအစားအစာတွေက သင့်ကို ၁၀နှစ်ပိုငယ်သွားစေနိုင်ပါတယ်
   လူတိုင်းကတော့အိုမင်းရင့်ရော်လာတာကိုအံတုလို့မရနိုင်ပါဘူး။ဒါပေမဲ့ အစားသောက်ကိုရွေးချယ်စားခြင်းဖြင့်သင့်ကိုပိုမိုနုပျိုစေမှာပါ။ဒီအစားအစာတွေဟာသင့်အသားအရေကိုပိုမိုကောင်းမွန်လာစေတယ်။နောက်ပြီးတော့ကျန်းမာရေးကိုပိုမိုကောင်းမွန်စေတဲ့အစားအစာတွေပါ။ဖတ်ကြည့်ပါဦး။
၁။ထောပတ်သီး
ထောပတ်သီးဟာ အဆီတက်စေတယ်လို့သိထားကြတာများပါတယ်။တကယ်တမ်းတော့ကျန်းမာရေးနဲ့ညီညွတ တဲ့အသီးဖြစ်ပါတယ်။တစ်နေ့တစ်လုံးချင်းစီစားမယ်ဆိုရင် ကိုလက်စထရောကိုကျဆင်းစေတဲ့အပြင် အသားအရေနုပျိုစိုပြေစေပါတယ်။ထောပတ်သီးဖျော်ရည်ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သတင်းကောင်းပဲထင်ပါရဲ့။
၂။မုန်လာဥ
မုန်လာဥဟာ မျက်လုံးကျန်းမာရေးအတွက်နာမည်ကြီးတဲ့အစားအစာတစ်ခုပါ။အိုမင်းရင့်ရော်မှုကြောင့် အရေပြားတွန့်ခြင်းကို သက်သာစေပါတယ်။ဒါပေမဲ့လည်းအလွန်အကျွံချက်ပြုတ်ခြင်းမလုပ်ဖို့တော့သတိပေးပါရစေ။
၃။သံပုရာသီး၊ရှောက်သီး
 အစာအိမ်ထဲမှာဘာမှမရှိတဲ့အချိန်မှာအရည်ဖျော်ပြီး သောက်သုံးမယ်ဆိုရင် အဆိပ်အတောက်တွေကို ပြေစေပါတယ်။
၄။ကြက်သွန်ဖြူ
  ရောဂါတော်တော်များများကိုပျောက်ကင်းစေတယ်လို့ နာမည်ကြီးပါတယ်။ကြက်သွန်ဖြူဟာလည်း ကိုလက်စထရောကိုကျဆင်းစေတယ်၊သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပါတယ်။ဒါကြောင့် ထည့်သွင်းတွက်ချက်သင့်ပါတယ်။
၅။ခရမ်းချဉ်သီး
   ခရမ်းချဉ်သီးဟာကင်ဆာရောဂါအပြင်ရောဂါအမျိုးမျိုးကိုပျောက်ကင်းစေတာကြောင့်နာမည်ကြီးတာပါ။ အိုမင်းရင့်ရော်ခြင်း၊ခရမ်းလွန်ရောင်ခြည်ကြောင့်အသာားအရေပျက်စီးခြင်းတို့မှကာကွယ်ပေးပါတယ်။
Source:brightside
၁။ထောပတ်သီး
၂။မုန်လာဥ
၃။သံပုရာသီး၊ရှောက်သီး
၎။ကြက်သွန်ဖြူ
၅။ခရမ်းချဉ်သီး
Source:brightside
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။