တရားခံလား မော်ဒယ်လား

ရုပ်ရှင်ထဲမှာမြင်ဖူးကြမပေါ့ ..။

လူဆိုးတွေ ..၊ နောက်ပြီး ရဲတွေဖမ်းမိတဲ့ တရားခံတွေဆို ရုပ်ဆိုးဆိုး ကြမ်းကြမ်းတမ်းတမ်းလူဆိုးကြီးတွေလေ ..။ ဒါပေမဲ့ တရားခံတိုင်း အပြစ်ကျူးလွန်တဲ့သူတိုင်း အဲဒီလိုကြောက်ဖို့ကောင်းနေတာတော့မဟုတ် ..။ တချို့သော လူတွေဟာ ရာဇဝတ်မှုကျူးလွန်တဲ့တရားခံတွေလို့တောင် မထင်ရလောက်အောင် ရူပါဖြောင့်ကြတယ် ..။

ဆိုရိုးတစ်ခုရှိသဗျ ..။ စာအုပ်တွေကောင်းမကောင်းဆိုတာ စာအုပ်အဖုံးကြည့်ပြီးမဆုံးဖြတ်ပါနဲ့ တဲ့ ..။  

ဒီချစ်စရာမျက်နှာလေးနဲ့ ကလေးမ ကတော့ အင်ဒီးယားနားပြည်နယ် .. Wayne မြို့လေးမှာ ဖြစ်ခဲ့တဲ့မိန်းကလေးတွေချိန်းပြီးရိုက်ကြတဲ့ရန်ပွဲတစ်ခုအတွင်း တော်တော်လေး လက်ဆလက်နပြင်းခဲ့သူလေးပေါ့ ..။ မိန်းကလေးတွေအများကြီးထဲမှာမှ တရားလိုတွေက သူမကိုပဲ လက်ညှိုးဝိုင်းထိုးကြတာကြောင့် အချူပ်ထဲရောက်သွားရသူပါ ..။ 

ချစ်သူကောင်လေး ကို ပြင်းပြင်းထန်ထန်ရိုက်နှက်မှုနဲ့အဖမ်းခံရတဲ့ဒီကောင်မလေးကတော့ ရွှေအိုရောင်ဆံနွယ်တွေနဲ့လှပချောမောသူပါ ..။ သူမကိုတော့ အိုဟိုင်းယိုးပြည်နယ် က အကျဉ်းထောင်တစ်ခုမှာထိန်းသိမ်းထားပါတယ်။

ဒီတစ်ယောက်ကကျတော့ နီဗားဒါးပြည်နယ်မှာ အဖမ်းခံရတဲ့သူပါ ..။ အရပ်ဝတ်အသွင်ယူထားတဲ့ မူးယစ်တိုက်ဖျက်ရေးရဲတစ်ယောက်ကိုမှ ဆေးခြောက်တွေအထုပ်လိုက်သွားရောင်းမိလို့တဲ့ ..။

ကျားရှေ့မှောက်ရက်လဲ ဆိုတာ အဲဒါ … အဲဒါ … :3  

ဒီ လူချောလူဖြောင့်ကြီးကတော့ ဆန်တာခရုဇ်မြို့လယ်ကောင်က ယာဉ်တိုက်မှုပြဿနာတစ်ခုအတွင်း တစ်ဖက်လူကို ဘေ့စ်ဘောလ်တုတ် နဲ့ သွားရိုက်မိလို့အဖမ်းခံရတာပါ ..။

ချစ်စရာအပြုံးလေးနဲ့ ဒီတစ်ယောက်ကတော့ လူရှေ့သူရှေ့မှာ မဖွယ်မရာလုပ်ပြမှုနဲ့ထောင်နန်းစံရရှာတာပါ ..။ အဝတ်အစားတွေအကုန်ချွတ်ပြီးလူရှေ့သူရှေ့မှာ မဖွယ်မရာလုပ်ပြခဲ့တဲ့အပြင် မူးယစ်ဆေးတွေလဲသုံးထားသေးတယ် လို့သိရပါတယ်။

ဟော .. V ပုံစံမျက်နှာကျ နဲ့ အမိုက်စားတစ်ယောက်ဗျား ..။ သူလည်း ဆေးခြောက်ပမာဏ တော်တော်များများကို ရောင်းဝယ်ဖောက်ကားမှုနဲ့အဖမ်းခံရတာတဲ့ဗျာ ..။

အော် … တယ်ခက်တဲ့ခလေးလေး တွေပဲ ..။ ကင်တပ်ကီပြည်နယ် ..၊ Lexington မြို့ခံသူလေး ကတော့ အိမ်နီးချင်းအထက်တန်းကျောင်းသူတစ်ယောက် ကို မက်သာမက်ဖက်တမင်း တွေရောင်းချဖို့ကြိုးစားမှုနဲ့အဖမ်းခံရတာပါ။ 

နောက်တစ်ယောက် ..၊ သူကတော့ ဒေသခံကုန်ပဒေသာဆိုင်ကြီးတစ်ဆိုင်ထဲက ပစ္စည်းတွေကိုခိုးယူဖို့ကြိုးစားနေတုံးမှာ ပက်ထရောင်လှည့်လာတဲ့ ရဲကားနဲ့တိုးပြီး အဖမ်းခံရတာပါ ..။ ဒီရုပ်ဒီရည် နဲ့ မော်ဒယ်တောင်လုပ်လို့ရနေတာကို ဘာလို့များ စောရဝိဇ္ဇာ လုပ်နေသလဲကွယ် .. ။

ကလေးမလေးက လူသာငယ်တာ ..၊ ဇ ကတော့အပြည့်ဗျ ..။ သူမ ရဲ့ ရည်းစားဟောင်းကောင်လေး နဲ့ ကောင်လေးရဲ့ချစ်သူ တို့အိမ်အပြင်ဘက်ကနေ ပြောင်းချောသေနတ်ကြီးတကားကားနဲ့ ပစ်မယ်ခတ်မယ်ဆိုပြီးကြိမ်းမောင်းခဲ့သူပေါ့ ။ အခုတော့လဲ Los Alamos က သံတိုင်တွေနောက်မှာ နောင်တတွေရနေလောက်ပါပြီ ..။

လူရှေ့သူရှေ့ အရက်မူးပြီးရမ်းကားမှု နဲ့ အချူပ်ထဲရောက်သူပါ ..။ ရူပါကတော့ Thor မင်းသား Chris Hamsworth နဲ့တောင်ခပ်ဆင်ဆင်ရယ် …။