အမြင်မရိုင်းပဲ ဖက်ရှင်ကျတဲ့ ဆယ်ကျော်သက်အနုပညာရှင် (၃) ဦး

ခေတ်ရေစီးချောင်းအတိုင်း ဖက်ရှင်တွေကလည်း အမျိုးမျိုးပြောင်းလဲနေတာပါ။ ဒီလိုပြောင်းလည်းနေတဲ့ ဖက်ရှင်နဲ့ လိုက်ဖက်ပြီး အဝတ်အစားတွေကို မရိုင်းအောင် အမြဲဝတ်ဆင်တဲ့ ဆယ်ကျော်သက်အနုပညာရှင် (၃) ဦး မြန်မာနိုင်ငံတွင်ရှိပါတယ်နော်။ သူတို့ဝတ်လိုက်တဲ့ ဖက်ရှင်တွေအပေါ်မှာ ပရိသတ်တွေက ဝတ်ထားတာကလည်း ရိုင်းလိုက်တာ ကြည့်မကောင်းလိုက်တာလို့ တစ်ခါမှအပြောမခံရဖူးသေးပါဘူး။  သူတို့ဝတ်လိုက်တဲ့ဖက်ရှင်ကိုပဲ ချစ်စရာလေးဟယ် ကျက်သရေရှိလိုက်တာလို့ပဲ အများအားဖြင့်ပြောကြပါတယ်။ မရိုင်းအောင်ဝတ်တယ်ဆိုပြီးတော့ သူတို့ပုံစံက ခေတ်တုန်းလားဆိုတော့လည်း ခေတ်မတုန်းပါဘူး။ သူ့နေရာသူ ကြည့်ရတာကို အဆင်ပြေသလို မြင်ရသူတွေအတွက်လည်း စိတ်ကြည်နူးစရာကောင်းပါတယ်။

၁. ယွန်းဝတီလွင်မိုး


အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အမြဲတမ်းပေါ့ပေါ့ ပါးပါး ဖက်ရှင်လေးတွေဝတ်တက်တဲ့ ခေးလေးပေါ့။  လူငယ်စတိုင်ပေါ့ပေါ့ ပါးပါးလေးတွေကို ဖက်ရှင်ကျအောင်ဝတ်သလို မြန်မာ ဝတ်စုံလေးတွေဝတ်ရင်လည်း လုံလုံခြုံခြုံ ရိုးရိုးရှင်းရှင်း ဒီဇိုင်းလေးတွေဝတ်ထားတာကလည်း မြင်ရတဲ့သူအဖို့ ကျက်သရေရှိလွန်းပါတယ်။

၂. ယွန်းယွန်း


ကလေးသရုပ်ဆောင်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ပြည်သူ့အချစ်တော် အကယ်ဒမီ ယွန်းယွန်းကတော့ ဘယ်အချိန်ကြည့်ကြည့် အမြဲချစ်စရာကောင်းနေပါတယ်။ ဘယ်အချိန်ကြည့်ကြည့် သူနေရာနဲ့သူ သူ့ပွဲနဲ့ သူအဝတ်အစားတွေကို လိုက်လျောညီထွေစွာ ဝတ်ဆင်တတ်တဲ့အနုပညာရှင်တစ်ဦးပါပဲ။

၃. ပန်းရောင်ခြယ်


မျက်နှာလေးကိုက မြင်သူတိုင်း စိတ်ချမ်းသာတဲ့ မျက်နှာလေးပါပဲ။ အများအားဖြင့်  ဂါဝန်လေးတွေဝတ်ဆင်တက်တဲ့သူဖြစ်သလို။ ဂါဝန်လေးတွေ ဝတ်လိုက်ရင်လည်း ကလေးသဖွယ်ချစ်စရာကောင်းပါတယ်။

အားလုံးလည်းသိကြမှာပါ။ လူတိုင်းလိုလိုက Facebook သုံးနေကြတဲ့သူတွေကြီးပဲလေ။ သူတို့ ဝတ်ဆင်ကြတဲ့ ဖက်ရှင်တွေကို အထူးတလည်ပြောနေစရာတောင်မလိုပါဘူး။ ပရိသတ်ကြီးတွေလည်း သိကြမယ်ထင်ပါတယ်။  မြန်မာနိုင်ငံက ဆယ်ကျော်သက် မိန်းကလေးအများစုကလည်း သူတို့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို နှစ်သက်ကြပါတယ်။ အထူးသဖြင့် မြန်မာဝတ်စုံဒီဇိုင်းလေးတွေပေါ့။