သင့်ကျန်းမာရေးကိုထိခိုက်စေတဲ့ သင်သတိမထားမိသေးတဲ့အချက်တွေ…

     ကိုယ်မသိလိုက်ပဲ ကိုယ်ကတော့ကောင်းမှာပါဆိုပြီး လုပ်လိုက်တဲ့အရာတွေက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်… ။
ဘယ်လိုအရာတွေကနေဖြစ်သလဲဆိုရင် နေ့စဉ်ဝတ်နေတဲ့ အဝတ်အစားတွေကြောင့်၊ အစားစာ စားတဲ့အခါတွေမှာ စတာတွေကြောင့် သင့်ကျန်းမာရေးတွေကို ထိခိုက်စေနိုင်တာတွေရှိနေပါတယ်…။ ဒီအချက်တွေကိုသင်သိရပြီဆိုရင်တော့ သင့်အနေနဲ့ဆင်ခြင်နိုင်မယ်လို့ထင်ပါတယ်နော်…။
   

(၁)  - အကိုက်ခဲပျောက်ဆေးတွေကို သင်အရက်သောက်ထားတဲ့အခါမှာ မသောက်သုံးသင့်ပါဘူး…။ တစ်ချို့တွေက အရက်သောက်တာများသွားတဲ့အခါမှာ ခေါင်းကိုက်တတ်ကျပါတယ်…။အဲဒီခါမှာ အလွယ်တကူပဲ ခေါင်းကိုက်ပျောက်ဆေးတွေ၊ အကိုက်ခဲပျောက်ဆေးတွေသောက်တာကို မလုပ်သင့်ပါဘူး…။ သင်အရက်မူးနေတုန်းခေါင်းကိုက်ရင် အကိုက်ခဲပျောက်ဆေးတွေသောက်တဲ့အခါမှာ သင့်ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေပါတယ်…။

(၂)     - သဘာဝကိုတုပပြီး ထုတ်လုပ်ထားတဲ့ leather အိတ်တွေ ဥပမာအနေနဲ့ အဝါရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ အနီရောင် စတာတွေက သင့်ကျန်းမာရေးကိုထိခိုက်စေပါတယ်…။သဘာဝအတိုင်းဖြစ်နေတဲ့ Leather တွေမဟုတ်ပဲ… Leather ပုံစံပြုလုပ်ထားတာကြောင့် သင့်အတွက် နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေအပြင်၊ ကင်ဆာရောဂါ၊ ကလေးတွွေအတွက် ဖွံ့ဖြိုးမှုနောက်ကျတာတွေထိဖြစ်စေပါတယ်…

(၃)     - မနက်စာမစားခင်သွားတိုက်တာကလည်းမှာတဲ့ အလေ့အထတစ်ခုပါပဲ… ။ တကယ်ဆိုရင် မနက်စာစားပြီးမှာ သွားတိုက်သင့်ပါတယ်… ။ မနက်စာမစားခင်မှာ သွားတိုက်လိုက်ပြီး ပြီးတော့မှမနက်စာစားတဲ့အခါမှာ သင့်ပါးစပ်ထဲမှာ အက်စစ်ဓာတ်တွေက ထွက်နေအုန်းမှာပါပဲ… ။ဒီလိုအခါမှာ သင့်သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်…

(၄)    - ဆေးလိပ်သောက်တဲ့သူကိုနမ်းတာ… ။ ဆေးလိပ်သောက်တဲ့သူကိုနမ်းရင် သင်ပါရောဂါရနိုင်တယ်ဆိုတာရော သတိထားမိရဲ့လား… ။ ဆေးလိပ်သောက်တဲ့သူက ရောဂါဝင်ရောက်နိုင်မှုပိုများပါတယ်… ။ထိုအခါမှာ ဆေးလိပ်သောက်ထားတဲ့သူကိုနမ်းမိပါက သင့်မှာလည်း ကိုယ်ခံအားကနည်းနေတဲ့အချိန်ဆိုရင် ရောဂါကူးစက်ခံရနိုင်စေပါတယ်…။

(၅)    - ကြော်ချက်ပြီးတဲ့ အာလူးတွေကို ရေခဲသေတ္တာထဲမှာသိမ်းထားတာက ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်…။ ဒါကြောင့် ကြော်ချက်ပြီးတဲ့အာလူးတွေကို ရေခဲသေတ္တာထဲမှာ မသိမ်းပဲ တခြားအေးတဲ့နေရာတွေမှာ သိမ်းထားသင့်ပါတယ်…။

(၆)    - လျှော်ပြီးသားအဝတ်တွေကို အိမ်ထဲမှာပဲလှန်းထားပါက သင့်ကျန်းမားရေးကိုထိခိုက်စေနိုင်ပါတယ်…။ စိုစွတ်တဲ့ပတ်ဝန်းကျင်ကြောင့် သင့်အဝတ်စားတွေပေါ်မှာ မမြင်နိုင်တဲ့ပိုးမွှားတွေ ကပ်တွယ်သွားနိုင်တဲ့အပြင် မှိုစွဲသွားနိုင်ပါတယ်…။ ဒီလိုဖြစ်သွားတဲ့အဝတ်အစားကို သင်ဝတ်မိပါက allergies ဖြစ်စေပြီး အဆုတ်ထဲကိုပိုးဝင်ရောက်စေပါတယ်…။