Paris Hilton ရဲ့ Skin Care လိုင်းအသစ်

ဟိုတယ်အမွေဆက်ခံသူအပြင် အနုပညာမှာလဲ အောင်မြင်နေတဲ့ Paris Hilton က အလှကုန်လောက ရေမွှေးလောက ဖိနပ် အိတ် နာရီ အောင်မြင်နေတဲ့အပြင် အခုလဲ အသားအရည်ထိန်းသိမ်းဖို့အတွက် Skin Care Line ကို ဖြန့်ချီလိုက်ပြန်ပါပြီ

Skin Care Line ကတော့ ProD.N.A ဖြစ်ပြီး ဒီ Skin Care Line မှာ 

- Dual Action Cleansing Gel

- Lift and Firm Eye Cream

- Advanced Recovery Serum

- Face & Decolletage Cream

တို့ပါဝင်ပါတယ်

ဒီ Skin Care Line ရဲ့ အဓိက ပါဝင်ပစ္စည်းကတော့ GenoMatrix လို့ခေါ်တဲ့ သဘာဝပင်လယ်ရေညှိမှထုတ်တားတဲ့ အစွမ်းထက်ဒြပ်ပေါင်းတစ်မျိုးပါဝင်ပြီး အသားအရည်အတွင်းပိုင်းအထိ ပြုပြင်ပေးမှာပါ။

အဓိကဦးတည်တာကတော့ အရွယ်မရွယ်တိုင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ အတွက် ထုတ်ထားတာဖြစ်ပြီး အသက်အရွယ်တစ်ခုရလာတဲ့ သူမအနေနဲ့ကတော့ အသားအရည်နုပျိုအောင် ဘယ်လိုထိန်းသိမ်းလဲက လတ်တစ်လောမှာ အရေးကြီးဆုံးဖြစ်နေမှာပါ အဲဒါကြောင့်လဲ အသားအရည်ကို ထိန်းသိမ်းဖို့ သူမကိုယ်တိုင် သေချာစမ်းသပ်ပြီးမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်တဲ့။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။