၆၀ သေဆုံး၊ ပျောက်ဆုံး ၅၃ ယောက်နဲ့ ထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ဂျပန်နိုင်ငံကရေကြီးမှု

ဂျပန်နိုင်ငံ ဟီရိုရှီးမားခရိုင်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက အရှိန်အဟုန်ပြင်းပြင်းရွာသွန်းနေတဲ့မိုးကြောင့် လူ ၆၀ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ခရိုင်ထဲက လူတွေကိုဘေးလွတ်ရာကယ်ဆယ်ဖို့ညွှန်ကြားထားပြီးလောလောဆယ်မှာတော့ လူပေါင်း ၁.၅ သန်းကို ရွှေ့ပြောင်းပေးခဲ့ပြီဖြစ်ပါတယ်။ သေဆုံးရတဲ့လူတွေထဲကတစ်ချို့ဟာ မြေကျွံမှုကြောင့်သေဆုံးရခြင်းဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုဖြစ်နေတဲ့ ဟီရိုရှီးမားခရိုင်က မာတိုယာမာမြို့ဟာ ကီလိုမီတာ ၆၀၀ ကျယ်ဝန်းပြီး တစ်မြို့လုံးခြေချစရာမရှိအောင်ရေလွှမ်းနေတဲ့အပြင် ရေစီးကလည်းသန်လွန်းတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာနှောင့်နှေးခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိ မိုးရေချိန်ဟာ ၂၃ ပေအထိရှိနေပြီး ကြာသပတေးနေ့ညကတည်းက ရွာခဲ့တဲ့မိုးဟာ နောက်ရက်အနည်းငယ်အထိတိတ်ဦးမှာမဟုတ်ကြောင်း နဲ့ ဟီရိုရှီးမားကိုသွားမယ့်ခရီးသည်တွေကို လက်ရှိမှာခရီးသွားလာခွင့်မပြုသေးကြောင်းလည်းသိရပါတယ်။

မိုးဟာအခုအချိန်အထိ အဆက်မပြတ်ရွာသွန်းနေတဲ့အပြင် နေရာအနှံ့မှာလည်းမြေပြိုမှုတွေဖြစ်နေတာကြောင့်သတိထားကြဖို့ကိုပါ ဝန်ကြီးချုပ်ကထပ်မံပြောကြားထားပါတယ်။

Gabriel
Ref : BBC

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။