ဆားထည့်ပြီးခေါင်းလျှော်ရင်ရမယ့် အကျိုး( ၃ ) မျိုး

     အိမ်မှာအမြဲသုံးနေတဲ့ အိမ်သုံးဆားက ဟင်းချက်တဲ့အခါမှာတင်မဟုတ်ပဲ အလှအပအတွက်ပါ အသုံးဝင်တယ်ဆိုတာ သတိထားမိရဲ့လား…။ သင်ခေါင်းလျှော်တော့မယ်ဆိုရင် ခေါင်းလျှော်ရည်ထဲမှာ ဆားကိုထည့်ပြီးလျှော်မယ်ဆိုရင်တော့ သင့်ဆံပင်အတွက်ကောင်းတဲ့ အချက်တွေပဲဖြစ်လာစေမှာပါ…။

(၁) ဆံပင်တွေကိုသန်စွမ်းစေပါတယ်

     ဆားက သင့်ဆံပင်တွေကို သန်စွမ်းအောင်လုပ်တဲ့နေရာမှာ အထောက်အကူပြုစေပါတယ်…။ ဘယ်လိုပြုလုပ်ရမလဲဆိုတော့ ပုံမှန်ခေါင်းလျှော်တဲ့အတိုင်းပဲ ခေါင်းလျှော်ပြီး အိမ်သုံးဆားစားပွဲတင်ဇွန်း ၁ ဇွန်းကို ထည့်ပြီးနှိပ်နယ်ပေးပါ…။ ၁၀ မိနစ်လောက်ကြာသွားပြီးတဲ့ အခါမှာ ခေါင်းကိုနောက်တစ်ကြိမ်ပြန်လျှော်ပေးလိုက်ပါ…။ ဒီနည်းလမ်းအတိုင်း တစ်ပတ်မှာနှစ်ကြိမ်ပြုလုပ်ပေးပါက သင့်ဆံပင်တွေကို အချိန်တစ်လလေးအတွင်းမှာ သိသိသာသာ သန်စွမ်းလာစေလာမှာပဲဖြစ်ပါတယ်…။

(၂) ဗောက်ထတာတွေကိုလည်း သက်သာစေပါတယ်

     ဦးရေပြားမှာဗောက်ထတယ်ဆိုတာက တကယ်တော့ဘာမှမဟုတ်ပါဘူး…။ ဦးရေပြားမှာ သွေးလှည့်ပတ်မှုစနစ် ပြောင်းလဲသွားပြီး ဆဲလ်သေတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်…။ ဒီလိုအခါမှာ အိမ်သုံးဆားက ဖြေရှင်းပေးနိုင်ပါတယ်နော်…။ အိမ်သုံးဆားကို ဦးရေပြားပေါ်တင်ပြီး နှိပ်ပေးပါ…။ နှိပ်တဲ့အခါမှာလည်း လက်ချောင်းလေးတွေကို အသုံးပြုပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိနှိပ်နယ်ပေးပြီးပါက ပုံမှန်အတိုင်းပဲခေါင်းလျှော်ပေးပါ…။ ဒီလိုလုပ်ပေးတာကလည်း သင့်ဦးရေပြားကျန်းမာရေးမကောင်းလို့ ထွက်လာတဲ့ဗောက်တွေကို သက်သာစေပါတယ်…။

(၃) ဆံပင် အဆီပြန်တာတွေကိုလည်း သက်သာစေပါတယ်

     သင့်ဆံပင်တွေမှာ အဆီတွေပြန်နေတာကလည်း စိတ်ညစ်စရာကောင်းပါတယ်…။ ဒီလို အဆီတွေပြန်နေတဲ့အခါမှာလည်း ဆားကသင့်ကိုကူညီပေးနိုင်တယ်ဆိုတာလည်း မမေ့လိုက်နဲ့နော်…။ သင်ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲကို ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပေးပြီး ခေါင်းလျှော်လိုက်ပါက အဆီပြန်တာတွေကို သက်သာစေတဲ့အပြင် ဆံပင်ကျွတ်တာတွေကိုလည်း သက်သာစေပါတယ်…။

credit image from stylecraze.