ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက်သွားတဲ့ ပြင်သစ်

မနေ့ညကပွဲမှာတော့ ပြင်သစ် က ဘယ်လ်ဂျီယံ ကို ၁ - ၀ နဲ့အနိုင်ပိုင်းပြီး ဖိုင်နယ်ကိုရောက်သွားခဲ့ပါပြီ။ ပြင်သစ်အတွက် အနိုင်ဂိုးကို ပွဲချိန် ၅၁ မိနစ်မှာ ပြင်သစ်နောက်တန်းလူ အွမ်တီတီ ကသွင်းယူပေးခဲ့တာပါ။ ဆိုတော့ကာ ဒီနေ့ည အင်္ဂလန် - ခရိုအေးရှား ပွဲမှာအနိုင်ရတဲ့အသင်းနဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖိုင်နယ်ပွဲကစားရတော့မှာဖြစ်ပါတယ်။

ပြင်သစ် ရဲ့နောက်ဆုံးဖိုင်နယ်တက်ခဲ့တဲ့ပွဲဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကဖြစ်ပြီး အခုတစ်ကြိမ်ကတော့ တတိယမြောက်ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံကတော့ တတိယနေရာလုပွဲအတွက် ဇူလိုင်လ ၁၄ ရက်နေ့မြန်မာစံတော်ချိန်ည ၈ နာရီခွဲမှာ အင်္ဂလန် - ခရိုအေးရှားပွဲရဲ့ ရှုံးတဲ့အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။