အသရေ ဖျက်တဲ့ Comment အတွက်မတောင်းပန်ရင်တော့ရင်ဆိုင်ဖို့ အသင့်ပဲလို့ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

မနေ့က တင်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ IG က ခပ်လန်းလန်း photo လေးအောက်မှာတော့ acount တစ်ခုကနေ ရိုင်းစိုင်းတဲ့ Comment တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်...ဒီလို ရိုင်းစိုင်းတဲ့ စကားတွေကို သင်ဇာဝင့်ကျော် အနေနဲ့ လျစ်လျူရှုခဲ့ပေမယ့် ထိုသူဘက်မှ ဆက်လက်ပြီး မဟုတ်မမှန်တဲ့ သတင်းတွေနဲ့ ဂုဏ်သရေဖျက်ပြီး စော်ကားရေးသားခဲ့တာကြောင့် သင်ဇာဝင့်ကျော်နဲ့ We love TZWK Fan များမှ အရမ်းဒေါသထွက်ခဲ့ပါတယ်...

ဒါကြောင့် TZWK က " မဟုတ်မမှန်လုပ်ကြံပြောဆိုမှ ုတွေအတွက် အမှန်ဆိုရင် သက်သေနဲ့တကွချပြဖို့ မဟုတ်ဘူးဆိုရင်တော့ ဒီကိစ္စအတွက် ညီမတာဝန်ယူရလိမ့်မယ် ... မတောင်းပန်ဘူးဆို တရားရင်ဆိုင်သွားမယ်လို့ ပြောခဲ့ပါတယ်...

ယခုထိတော့ တိုက်ခိုက်ပြောဆိုခဲ့တဲ့ ဆရာဝန်မပါ ဆိုတဲ့အကောင့်ပိုင်ရှင်မှ ပြန်လည်ဖြေရှင်တောင်းပန်ခြင်း မရှိသေးပါဘူး...

Photo Credit >>> Saw Fb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။