အမြင်တင့်တယ်စေမယ့် ရေခဲစတော်ဘယ်ရီကောက်တေး

တကယ်ကိုရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါဘဲ။  အိမ်မှာလည်း ကိုယ့်ဘာသာ လုပ်လို့ရပါတယ်။ ဆိုင်သွားစရာတောင်မလိုပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါပဲဖြစ်ဖြစ် ကိုယ့်ရဲ့မွေးနေ့ ပွဲ ပါတီပွဲ အသေးစားလေးတွေမှာဘဲ ဖြစ်ဖြစ် အမြင်တင့်တယ်တဲ့ ခံစားမှုကိုရရှိစေမှာပါ။

ပါဝင်ပစ္စည်းလေးတွေကတော့
စတော်ဘယ်ရီ နဲ့uncork rose  တို့ပါပဲ။

အရင်ဦးဆုံးလုပ်ရမယ့် ပုံစံလေးကတော့ စတော်ဘယ်ရီသီးလေးတွေကို ရေပြောင်အောင်ဆေးပြီး ပါးပါးလေးတွေ လှီးထားပါ။
လှီးထားတဲ့ စတော်ဘယ်ရီသီး တစ်ဝက်ကို ဇောက်နက်တဲ့ ခွက်ကြီးကြီး တစ်ခုခုထဲမှာ စီပြီးထည့်ပါမယ်။ ပြီးရင်ကျန်တစ်ဝက်ကို အနှစ်ရတဲ့ အထိ ချေပေးပေးရပါမယ်။

ချေပြီးသွားရင် အနှစ်ထဲသို့ ရေဟင်းစားဇွန်း သုံးဇွန်းလောက် ထည့်ပြီး မွှေလိုက်ပါ။ ရလာတဲ့ အနှစ်တွေကို ခုနက စီထားတဲ့ စတော်ဘယ်ရီခွက်ထဲသို့ လောင်းချပေးပါ။ လောင်းပြီးသွားရင် uncork rose ကို အပြည့် လောင်းချပေးပါ။ လောင်းပြီးသွားရင် ခွက်အပေါ်ကနေ ပလက်စတစ် အပျော့သားကို ဖုံးအုပ်ပေးပြီး ရေခဲသေတ္တာ ထဲသို့ ထည့်ထားပါ။

ခဏအကြာ ကျရင် ရေခဲသေတ္တာထဲကနေ ထုတ်ပြီး ဇွန်းလေးနဲ့ ခြစ်ပြီး စားလို့ ရပါပြီ။

ဒါဆိုရင် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးပါဘဲ။ လုပ်ရတာလည်းမခက်ပါဘူး။ အမြင်လည်းလှတယ်နော်။ စတော်ဘယ်ရီသီးမဟုတ်ပဲနဲ့အခြားကိုယ်ကြိုက်နှစ်သက်ရာ အသီးတွေနဲ့လည်း အသုံးပြုလို့ရပါတယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။