မျက်နှာဝိုင်းဝိုင်းနဲ့ကောင်မလေးဆိုရင်ဘယ်လိုဆံပင်ပုံစံလေးတွေနဲ့အဆင်ပြေမလဲ

   ဆံပင်ပုံစံကိုရွေးချယ်တဲ့အခါမှာ မျက်နှာပုံစံနဲ့လိုက်ဖက်ညီဖို့လည်းလိုပါတယ်။မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်မလေးတွေကတော့ပုံမှန်အားဖြင့် ချစ်ဖို့ကောင်းပြီးသားပါ။လိုက်ဖက်ညီတဲ့ဆံပင်ပုံစံလေးသာ ရွေးချယ်လိုက်မယ်ဆိုရင်တော့Super Cuteဖြစ်သွားမှာပါ။ဒါကြောင့်မို့လို့Super Cute girlလေးတွေဖြစ်ဖို့ Hair styleတွေကိုကြည့်လိုက်ပါဦးနော်။

၁။ဆံပင်ဂုတ်ဝဲ

    မျက်နှာဝိုင်းလေးတွေအတွက်လူငယ်ဆန်ဆန်နဲ့ချစ်ဖို့ကောင်းအောင် ရှေ့နောက်ညီတဲ့ ဂုတ်ဆံပင်အဖြောင့်လေးညှပ်သင့်ပါတယ်။ဒီလိုဆံပင်စတိုင်ဟာ အကျီစတိုင်လည်းရွေးမှာမဟုတ်ပါဘူး။

၂။ဆံပင်အတို

   ဆံပင်အတိုနဲ့လန်းချင်ရင်တော့ ဒီလိုပုံစံမျိုးကိုရဲရဲဝံ့ဝံ့သာညှပ်လိုက်ပါနော်။မလိုက်မှာမပူပါနဲ့။

၃။ဆံပင်ဂုတ်ထောက်

     ဆံပင်ဂုတ်ထောက်အနေအထားကိုမှ စတိုင်ပြောင်းချင်ရင်တော့Emma Stone လို ဆံပင်အဖြောင့်နဲ့လည်းအဆင်ပြေပါတယ်။နောက်ပြီးတော့လည်း ဆံပင်အကောက်လေးတွေနဲ့လည်းလိုက်ဖက်မှာပါ။

၄။ပိုနီတေး

Selena Gomez လို ရှင်းရှင်းလေးနဲ့လှချင်ရင်တော့ ပိုနီတေးကိုခပ်နိမ့်နိမ့်စည်းပြီး ဆံပင်ကိုအလည်ခွဲလိုက်ပါ။  

 

ဒီလိုမျိုးပိုနီတေးခပ်မြင့်မြင့်စည်းတာမျိုးကလည်း လိုက်ဖက်မှုရှိပါတယ်နော်။

၅။မတိုမရှည်ဆံပင် 

   ဆံပင်ကအရမ်းကြီးမရှည်ဘူးဆိုပေမဲ့လည်းဂုတ်ကျော်နေပြီဆိုရင်ဒီလို ဆံပင်အကောက်လေးတွေ ထားကြည့်ပါ။ဂန္ထဝင်ဆန်ဆန်လေးလှနေမှာပါနော်။

၆။ဆံပင်အရှည်

   ဆံပင်အရှည်လေးတွေကတော့ ဘယ်လိုဆံထုံးပုံစံဘဲထားထားလိုက်ဖက်မှုရှိပါတယ်။

    ဆံပင်အဖြောင့် ထားတဲ့အခါမှာတော့တစ်ခုသတိထားရမှာကမျက်နှာကိုပိုဝိုင်းသွားစေတဲ့ပုံမျိုးကိုရှောင်ရမှာပါ။ တစ်ဖြောင့်တည်းဆံပင်ရှည်တွေကလည်းမျက်နှာကိုပိုဝိုင်းသွားစေတတ်လို့သင့်တော်တဲ့ဆံပင်ပုံစံလေးတွေကိုစုစည်းပေးလိုက်ပါတယ်။

Ref:ELLE

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။