
တရုတ်ပြည်မှာ ရိုက်ကူးခဲ့တဲ့ မြန်မာ အက်ရှင်ဇာတ်ကြမ်း" Special 9 "ရုပ်ရှင်
ဒီနေ့ ယုန်လေးရဲ့ Facebook acc မှာ တော့ အက်ရှင်ဇာတ်ကားဖြစ်တဲ့ Special 9 ဆိုတဲ့ ရုပ်ရှင်ကားဟာ ဆင်ဆာကျလာပြီဖြစ်ကြောင်း ရေးသားခဲ့ပါတယ်..
ဒီ ဇာတ်ကားဟာဆိုရင် တရုတ်ပြည်မှာ ခက်ခက်ခဲခဲရိုက်ကူးထားတာဖြစ်ပြီး လုံးဝအက်ရှင်ကား စစ်စစ်ဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ် ...
ပါဝင်သူတွေအနေနဲ့ အားလုံးရဲ့ အချစ်တော် မင်းသား အကယ်ဒမီ မြင့်မြတ် ၊ ယုန်လေး ၊ Nine One , ထူးအယ်လင်း ၊ ထက်ယံ ၊ သားသား ၊ Ice Cold , Okka , ထက်အောင်ရှိုင်း ၊ဆန်းတိုးနိုင်၊ နေနော် ၊ ဆူဇီ ၊ ခိုင်မြတ်သဇင် ၊ စိုးနန္ဒာကျော် ၊ ပန်းနု တို့အပြင် တစ်ခြားသော အနုပညာရှင်များစွာ ပါဝင်ထားတာပဲဖြစ်ပါတယ်...
ကဲ... ဒါဆိုရင်တော့ မကြာခင်မှာ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Special9 ဇာတ်ကားကြီးကိုကြည့်တော့မှပော့ နော် ...အားပေးကြဖို့ အသင့်ပဲလား ပရိသတ်ကြီးတို့...
Credit - ယုန်လေး Fb
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။