“ဟစ်တိုင်” ရဲ့ BTS မှ ဓာတ်ပုံတွေကြောင့် ပရိသတ်တွေလုံးဝအံ့သြသွားတဲ့ အူဝဲ ရဲ့ ခံစားချက်သက်ဝင်မှု


ရင်ဘတ်ထဲကဓား ဇာတ်ကားဖြင့် ဒုတိယအကယ်ဒမီဆုကြီး ပိုင်ဆိုင်ထားခဲ့ရတဲ့ အိန္ဒြာကျော်ဇင် (ခ) အူဝဲ ဟာ ခုဆိုရင် “ဟစ်တိုင်” လိုအမည်ပေးထားတ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဝတ္ထုကတော့ သျှင်မ ဖြစ်ပြီး ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးနေတယ်လို့သိရပါတယ်။


ထိုဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ အရွယ်မရောက်သေးပဲမုဒိန်းကျင့်ခံလိုက်ရတဲ့ သမီးအတွက် ရင်ကွဲမတတ် ကြေကွဲနေရတဲ့ မိခင်တစ်ယောက်အနေနဲ့ အူဝဲရဲ့ခံစားသက်ဝင်မှု သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေဟာ လုံးဝကို အံ့သြသွားစေပါတယ်။ ဒါ့အပြင် ဟစ်တိုင်ဇာတ်ကားဖြင့် အူဝဲ ဟာ နောက်ထပ် အကယ်ဒမီဆုကြီးတစ်ယောက်ကို ပြန်လည်ရယူနိုင်ဦးမယ်ဆိုပြီးတော့လည်း ပရိသတ်တွေကို ခန့်မှန်းပေးကြပါတယ်။
Photos - Credit


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။