ဘဝမှာ တစ်ခါမှ ဒီလောက် ချောတယ်လို့ အပြောမခံခဲ့ရဖူးဘူး ဆိုတဲ့ နေခြည်

မကြာခင်က ကိုရီးယားမှာ သွားရောက်ခွဲစိတ်ပြုပြင်ခဲ့တဲ့ နေခြည်ဦး ကတော့ မြန်မာပြည်ပြန်ရောက်လာတဲ့ အခါမှာ သူမရဲ့ မျက်နှာလေးပြောင်းလဲသွားတာကို အားလုံးက အရမ်းလှလာတယ်ဆိုပြီး ချီးကျူးကြတဲ့အတွက် အရမ်းကို ဝမ်းသာနေတဲ့ အကြောင်းကို" ဘဝမှာလေတစ်ခါမှ ဒီလောက် "ချောတယ်" ဆိုတဲ့ စကား အပြောမခံခဲ့ရဘူး။ တစ်အိမ်လုံးကလည်း ချောသူငယ်ချင်းတွေကလည်း ချောလမ်းထိပ်က အန်တီကြီးကလည်း ချောကိုယ့်ကိုယ်ကို ကြည့်တော့အဲ့လောက် ပြောင်းလဲတယ်လို့ မထင်ရပေမယ့် ချောတယ်ပြောတဲ့သူတိုင်းကိုတကယ် ကျေးဇူးတင်တာပါ။ ?korea သွားပြင်မယ်လို့ပေါ်တင်ပြောခဲ့တာတောင်သူငယ်ချင်းတွေအားလုံးကမသိရင်မွေးထဲက ဒီလိုထွက်လာသလိုပြောကြတော့ အရမ်းပျော်မိတယ်..." လို့သူမရဲ့ စာမျက်နှာမှာ ရေးသားခဲ့ပြီး မပြင်ခင်ပုံလေးတွေရော ပြင်ပြီးပုံလေးတွေနဲ့ ယှဉ်ပြီး တင်ပြထားတာကို တွေ့ရပါတယ်...

ကဲ... အရင်ကထက် ချီချီလေးကတော့ အများကြီး အများကြီး ပိုပိုပြီး လှလာပါပြီနော်

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။