သင့်ကောင်လေးသင့်ကိုတကယ်ချစ်မချစ်သိနိုင်တဲ့အချက်တွေ

  ဒိတ်တင်လုပ်တာက လူတစ်ယောက်ရဲ့စိတ်ကိုခန့်မှန်းရတာထက်လွယ်ကူပါသေးတယ်။ ဒါပေမဲ့လည်း Relationshipတစ်ခုကိုစတင်ဖို့ကတော့ မနည်းကြီးကိုဆုံးဖြတ်ချက်ချခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။ တွဲတာကြာလာတဲ့အချိန်မှာလည်း သူတကယ်သင့်အပေါ်ချစ်တာလားဆိုတာကိုအဖြေထုတ်ချင်နေပါလိမ့်မယ်။သင့်ကောင်လေးရဲ့စိတ်ကိုခန့်မှန်းရခက်နေတယ်ဆိုရင်တော့ ဒီအချက်တွေနဲ့ တိုက်ဆိုင်ကြည့်လိုက်ပါဦး။

၁။သူ့ရဲ့ ရေရှည်planတွေမှာသင်ကမပါမဖြစ်

ချစ်သူစုံတွဲတွေမှာ ရေရှည်ကြံစည်ထားတဲ့ အိမ်မက်တွေ အစီအစဉ်တွေကတကယ်ကို အဓိပ္ပာယ်ရှိတဲ့အရာပါ။ဒါကြောင့်မို့ သူ့ရဲ့planတွေထဲမှာ သင်ကသင်ကမပါမဖြစ်ဘယ်လိုအရေးပါကြောင်း ပြောနေတယ်ဆိုရင်တော့ သင့်ကိုတကယ်ချစ်တာသေချာပါတယ်။

၂။သင့်ရဲ့ထင်မြင်ချက်တွေကအရေးပါတယ်

  ကားဝယ်တာမကလို့ ဘာအရောင်အကျီဝတ်ရင်ကောင်းမလဲဆိုတာကိုပဲဖြစ်ဖြစ်သင့်ဆီကအကြံညဏ် တောင်းခံနေပြီဆိုရင်တော့ သင့်ကသူ့အတွက်အရေးပါနေတဲ့ သူတစ်ယောက်ဆိုတာ ပြနေတာပါပဲနော်။ယောကျာ်းလေးတွေဟာ တစ်ယောက်တည်းရှိတဲ့အခါမျိုးမှာ သူငယ်ချင်းတွေနဲ့ သွားတာဖြစ်ဖြစ်လွတ်လွတ်လပ်လပ် လုပ်လိုကြတာပါ။သင့်ကိုမမေးတာကသင့်က No လို့ပြောမှာစိုးလို့ပါ။ဒါပေမဲ့လည်း သင့်ကိုအသိပေးတာမျိုးလုပ်ပြီးတော့ သွားတယ်ဆိုရင်တော့ သင့်ကိုအလေးအနက်ထားတာသေချာပါတယ်။

၃။သင်နဲ့အတူအချိန်တွေကုန်ဆုံးချင်တယ်

   သူ့ဘက်ကသင့်အပေါ်ငြီးငွေ့လာပြီဆိုရင် သင့်ထက်စာရင်သူ့ အပေါင်းအသင်းတွေနဲ့သာအချိန်ကုန်ချင်ပါလိမ့်မယ်။သင်နဲ့ အပြင်သွားချင်တယ်လို့ပြောမှာထက် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့သာကြိုးစားပါလိမ့်မယ်။သင်နဲ့တွေ့ဖို့ထက် သူ့မှာတစ်ခြားလုပ်စရာအကြောင်းပြချက်တွေများပြနေပါလိမ့်မယ်။သင်နဲ့အတူ အချိန်တွေအများကြီးကုန်ဆုံးတယ်ဆိုရင်တော့ သင့်ကိုချစ်နေသေးတာသေချာပါတယ်။ဘာကြောင့်လဲဆိုရင် သင်နဲ့အတူရှိနေရတာက သူ့အတွက်ကြည်နူးပျော်ရွှင်စရာကောင်းနေလို့ပါ။

၄။သူလုပ်သမျှအရာတွေကသင်ပျော်ရွှင်စေဖို့

   နောက်ထပ်သိသာနေတဲ့အချက်ကတော့ သင်ပျော်ရွှင်စေဖို့အတွက် သူ့ဘက်ကအစစအရာရာ လိုက်လျောတတ်တာမျိုးတွေပါ။သူ့အတွက်အရေးမပါဘူးဆိုရင် သင်ပျော်ရွှင်တာပဲဖြစ်စေ မပျော်ရွှင်တာဖြစ်စေ ဂရုစိုက်နေမှာမဟုတ်ပါဘူး။

၅။သင့်ကိုသတိရကြောင်းပြောမယ်

   တစ်ခါတစ်လေမှာ သင့်ကိုသတိရကြောင်းစာတွေပို့ထားမယ်။‘‘ဒီနေ့အလုပ်မှာတကယ့်ကို ပင်ပန်းလွန်းတယ်။ဒါပေမဲ့လည်း ညနေခင်းမှာမင်းကိုတွေ့ရမယ်ဆိုတဲ့စိတ်ကြောင့် တစ်နေ့လုံးသည်းခံနေနိုင်ခဲ့တာဘဲ’’ အဲ့ဒီလိုသတိတရပို့ထားတဲ့စာမျိုးထက်ပိုကောင်းတာမရှိတော့ပါဘူး။

Source:beautyandtips

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။