ဂေါ်ဖီထုပ်တစ်ပန်းကန်မှာသင့်ကျန်းမာရေးလိုအပ်တဲ့အာဟာရဓာတ်များစွာပါဝင်နေပါတယ်

   အရသာရှိတဲ့အရွက်အမျိုးအစားဖြစ်ပြီး ဟင်းအမယ်စုံ၊အသုပ်အမျိုးမျိုးမှာ ထည့်ပြီးတော့ အသုံးပြုတဲ့အပြင် အစိမ်းစားလို့ရတာဟာ ဂေါ်ဖီထုပ်ဖြစ်ပါတယ်။ကိုယ်တွင်းက ဆဲလ်တွေကို ရေဓာတ်ဖြည့်ပေးတာကြောင့် သဘာဝကရတဲ့ အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ကိုယ်အလေးချိန်ကျစေခြင်း၊ကင်ဆာရောဂါကိုကာကွယ်စေခြင်းနဲ့ သွေးဖိအား၊ကိုလက်စထရောတို့ကို လျော့ကျစေပါတယ်။

၁။ကယ်လိုရီနည်းခြင်း

    တစ်ပန်းကန်စာဂေါ်ဖီထုပ်မှာဆိုရင် ကယ်လိုရီ(၁၇)လောက်ပဲပါတယ်။ဝိတ်လျှော့ချင်တယ်ဆိုရင် သင့်တော်ပါတယ်။ကယ်လိုရီနည်းပြီးအများကြီးစားလို့ရပါတယ်။

၂။အမျှင်ဓာတ်များခြင်း

   အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့  ကိုယ်တွင်းက ပိုလျှံနေတဲ့ အညစ်အကြေးနဲ့ အရည်တွေကို  စွန့်ထုတ်ပေးပြီး အာဟာရတွေကိုပိုမိုစုပ်ယူပေးပါတယ်။       

၃။ကိုလက်စထရောနည်း

    ပုံမှန်အားဖြင့် ဂေါ်ဖီထုပ်မှာ အဆီတွေလုံးဝမပါဝင်ပါဘူး။ဒါ့အပြင် ရေဓာတ်၊အင်တီအောက်စီဒင့်နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် အဆီနဲ့ကိုလက်စထရောတွေ လျော့ကျဖို့အကူအညီပေးပါတယ်။

၄။ရောဂါမှကာကွယ်ပေးခြင်း

     ကိုယ်ခံစွမ်းအားစနစ်အတွက်အရေးပါတဲ့  ဗီတာမင်စီနဲ့ အင်တီအောက်စီဒင့်ဓာတ်တွေ ပါဝင်ပါတယ်။ဂေါ်ဖီတစ်ထုပ်မှာတစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်စီရဲ့ ၆၀%လောက်ပါဝင်ပါတယ်။ဒီလိုရိုးရှင်းတဲ့ ဟင်းသီးဟင်းရွက်မှာပါဝင်တဲ့ အာဟာရဓာတ်အံ့သြလောက်စရာပါ။ 

၅။အရိုးတွေအတွက်ကောင်းမွန်ခြင်း

    ဂေါ်ဖီထုပ်တစ်ပန်းကန်မှာ နေ့စဉ်လိုအပ်တဲ့ကယ်လ်ဆီယမ်ပမာရဲ့ ၃%လောက်ပါဝင်တာကြောင့် အရိုးတည်ဆောက်ရာမှာကူညီပေးတဲ့အပြင် အရိုးတွေကိုပိုမိုသန်မာလာစေတယ်။

၆။ဆီးရွှင်စေတယ်

  ဂေါ်ဖီထုပ်မှာပါဝင်တဲ့ ရေဓာတ်၊အင်တီအောက်စီဒင်နဲ့ အမျှင်ဓာတ်၊ပိုတက်စီယမ်ဓာတ်တွေကြောင့် ဆီများများသွားစေနိုင်တဲ့အစားအစာတစ်ခုဖြစ်တယ်။ကိုယ်တွင်းကအညစ်အကြေးနဲ့ပိုလျံနေတဲ့အရည်တွေကို  စွန့်ထုတ်ပေးပါတယ်။

၇။သွေးပေါင်ချိန်ညှိပေးခြင်း

    သူ့မှာ anthocyaninsလို့ခေါ်တဲ့ အင်တီအောက်စီဒင့်ပါတဲ့အပြင် သံဓာတ်ပါဝင်တာကြောင့် သွေးနီဥတွေကိုတိုးပွားစေသလို သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် သွေးဖိအားကိုထိန်းညှိပေးတယ်။

၈။ကင်ဆာကိုကာကွယ်ပေးခြင်း

       ဂေါ်ဖီထုပ်မှာ ကင်ဆာရောဂါကိုတိုက်ဖျက်ပေးမဲ့ sinigrin, lupeol နဲ့ sulforaphane တို့ပါဝင်တာကြောင့် ကျန်းမာပြီး ကင်ဆာရောဂါကင်းစေနိုင်မှာပါ။         

၉။ယောင်ယမ်းခြင်းတွေအတွက်ကောင်းမွန်ခြင်း

       ဂေါ်ဖီထုပ်မှာ glutamine  လို့ခေါ်တဲ့ ယောင်ယမ်းခြင်းကိုသက်သာစေတဲ့ ဒြပ်ပေါင်းပါဝင်ပါတယ်။ဒါကြောင့်ခြေလက်အဆစ်အမြစ်တွေယောင်ယမ်းနာကျင်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေး မှာပါ။

၁၀။ဒဏ်ရာအနာတရတွေကို အကျက်မြန်စေခြင်း

      အနာတွေကျက်အောင်ကူညီပေးတဲ့ သွေးကြောထုံးတွေအတွက်လိုအပ်တဲ့ဗီတာမင်ကေ ကြွယ်ဝစွပါဝင်ပါတယ်။အခြားသောဗီတာမင်၊သတ္တုဓာတ်နဲ့ အင်တီအောက်စီဒင့်တွေပါဝင်တာကြောင့် ဒဏ်ရာတွေကိုအကျက်မြန်စေပေါတယ်။

Source:healthuhubb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။