သင့်ကိုစိတ်ဝင်စားနေတဲ့ကောင်မလေးတစ်ယောက်မှာတွေ့ရနိုင်တဲ့အချက်တွေ

  ယောကျာ်းလေးတွေထက်စာရင် မိန်းကလေးတွေရဲ့စိတ်ကိုခန့်မှန်းဖို့က တကယ်မလွယ်ပါဘူး။သူမတို့ရဲ့ ခံစားချက်ကိုထုတ်ပြရတာမကြိုက်ဖူးဆိုပေမဲ့လည်း အရိပ်အမြွက်အနေနဲ့ သိနိုင်တဲ့အချက်တွေရှိနေပါတယ်။သင့်ကိုစိတ်ဝင်စားမှုရှိမရှိ သိချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုဖတ်ကြည့်လိုက်ပါဦး။

၁။သင့်ကိုကြည့်နေတာနဲ့အမှတ်တမဲ့ဆုံတယ်

  ကောင်လေးတစ်ယောက်ကို သဘောကျနေမိပြီဆိုရင်ခဏခဏကိုငေးကြည့်နေတော့မှာပါ။ အဲ့ဒါကြောင့်သင်အမှတ်တမဲ့ကြည့်လိုက်တဲ့အခါမှာသူမနဲ့အကြည့်ချင်းတွေဆုံနေတတ်တယ်ဆိုရင်တော့ကောင်းတဲ့အချက်လို့ပြောရပါမယ်။အဲ့ဒီလိုအကြည့်ချင်းမဆုံမိတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သိသာတဲ့အပြုအမူတွေကိုမပြချင်တာကြောင့် သင်မသိအောင်ခိုးကြည့်နေတတ်လို့ပါပဲ။

၂။ဂရုစိုက်မယ်

   သင်ရှိနေတတ်တဲ့နေရာတွေမှာ ရှိနေလားဆိုတာကိုစောင့်ကြည်တတ်ပါတယ်။ သူမအနေနဲ့လုပ်စရာတွေရှိနေရင်တောင်မှ သင့်ကိုစောင့်ကြည့်နေတယ် Check နေတယ်ဆိုရင် သူမစိတ်ထဲမှာသင်ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

၃။ပြောင်းလဲသွားမယ်

   သင်တို့နှစ်ယောက်က သူငယ်ချင်းတွေအဖြစ်နဲ့ရှိနေတာကြာနေပြီ ဖြစ်ပေမဲ့သူမဘက်က ခံစားချက်ပြောင်းလာတာနဲ့ သိသိသာသာကို အရင်ကနဲ့မတူအောင်ပြောင်းလဲသွားမှာပါ။ အခြားသူငယ်ချင်းကောင်းလေးတွေနဲ့ မတူဘဲသင့်တစ်ယောက်တည်းကိုကွက်ပြီး ဆက်ဆံရေးတွေပြောင်းလဲသွားတာမျိုးလည်းဖြစ်တတ်ပါတယ်။

၄။Messages တွေကိုချက်ချင်းပြန်တယ်

    စိတ်ဝင်စားနေတဲ့သူဆီကmessagesဝင်လာပြီဆိုရင် ချက်ချင်းစာပြန်တတ်ကြတာပါ။ဒီအချက်ကတော့မိန်းကလေးတိုင်းတော့တူချင်မှတူမှာပါ။တစ်ချို့မိန်းကလေးတွေကလည်း သိသာမှာစိုးလို့တမင်ကိုအချိန်ကြာအောင်နေပြီးမှစာပြန်တာတွေရှိပါတယ်။

၅။ အပြုံးချိုချိုလေးတွေ

    သင့်ရဲ့ဟာသတွေက ရယ်စရာမကောင်းတာကို ရယ်နေပြီဆိုရင်တေ့ာတကယ့်ကိုအလားအလာကောင်းတဲ့အချက်တစ်ခုပါပဲ။သဘောကျတဲ့သူဘေးမှာရှိတဲ့အခါ ပျော်ရွှင်စရာကောင်းတာကြောင့် ရယ်တာတွေပြုံးတာတွေကိုလုပ်မိမှာပါ။တောက်ပနေတဲ့ မျက်ဝန်းလေးတွေနဲ့အတူအပြုံးချိုချိုလေးတွေကိုတွေ့နေရပြီဆိုရင်တော့ သင်ကတော့အခွင့်အရေးကောင်းနဲ့နီးစပ်နေပါပြီ။

၆။ စိတ်လှုပ်ရှားတယ်

   သင်နဲ့တွေတဲ့အခါ စကားနည်းလွန်းတာပဲဖြစ်ဖြစ် စကားတွေအလွန်ပြောနေတာပဲဖြစ်ဖြစ် တစ်ခုခုတော့ဖြစ်နိုင်ပါတယ်။မိန်းကလေးတွေဟာစိတ်ဝင်စားတဲ့သူအရှေ့မှာဆိုရင ်သူ့ စိတ်ထဲမှာဗြောင်းဆန်နေပြီး ဦးနှောက်ကတော့သိပ်အလုပ်မလုပ်တော့ပါဘူးတဲ့။အဲ့ဒါကြောင့် သင့်ရဲ့အနားရောက်လို့ စိတ်လှုပ်ရှားပြီးမူမှန်ဘူးဆိုရင်တော့သေချာနေပါပြီလေ။

၇။သင်ပြောဖူးတာတွေကို အမှတ်တရရှိတယ်

   သင့်ကိုသဘောကျတာကြောင့် သင်ပြောသမျှတွေကိုအရေးစိုက်ပြီးနားထောင်မှာပါ။ သင့်ရဲ့ခွေးလေးနာမည် သင့်အစ်ကိုရဲ့မွေးနေ့စတာတွေကိုတောင်မှတ်မိနေတတ်တာမျိုးပါ။ အခြားသူတွေလည်းမှတ်မိနိုင်တာမျိုးဆိုပေမဲ့ အသေးအမွှားလေးတွေကအစမှတ်မိတယ်ဆိုရင် သင့်ကိုစိတ်ဝင်စားနေတာသေချာနေပါပြီ။

Source:talko

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။