ကမ္ဘောဇဘဏ်အကောင့်ကနေ ငွေတွေထုတ်ယူသွားခဲ့ကြတဲ့ နိုင်ဂျီးရီးယား Hacker နှစ်ယောက်

စီးပွားရေးအကြံပေးတစ်ဦးရဲ့ ကမ္ဘောဇဘဏ်အကောင့်ကို နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ယောက်က Hack ပြီးငွေတွေထုတ်ယူသွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆီမှာ စီးပွားရေးအကြံပေးအဖြစ်လုပ်ကိုင်နေသူတစ်ယောက်ရဲ့ ကမ္ဘောဇဘဏ်အကောင့်ကို နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ယောက်က ဇူလိုင် ၁၇ မှာ Hack ပြီးငွေတွေထူတ်ယူသွားခဲ့တာဖြစ်တယ်လို့သတင်းတွေထွက်နေပြီး မင်္ဂလာတောင်ညွန့်ရဲစခန်း နဲ့ ကမာရွတ်မြို့မရဲစခန်းတွေက ဇူလိုင် ၂၂ မှာ ဖြစ်စဉ်မှန်ကန်ကြောင်းကိုအတည်ပြုပေးခဲ့ပါတယ်။
ဖြစ်စဉ်အသေးစိတ်တွေကိုတော့သိရခြင်းမရှိသေးပဲ ငွေတွေထုတ်ယူခံရတဲ့အကောင့်ပိုင်ရှင်က ဇူလိုင် ၁၉ မှာ မင်္ဂလာတောင်ညွန့်ရဲစခန်းကို ဆက်သွယ်ရေးပုဒ်မ ၆၆ ( ဂ ) နဲ့တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် ဇူလိုင်လ ၂၁ မှာတော့ ပါဝင်သူတွေထဲက တစ်ယောက်ကိုဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်းမိထားတဲ့သူဟာ ဖြစ်စဉ်နဲ့ပါဝင်ပတ်သက်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖမ်းမိသူဟာ Local လား၊ နိုင်ငံခြားသားလားဆိုတာလည်းမသိရသေးပါဘူး။ အဆိုပါ ငွေတွေထုတ်ယူသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောကြားမယ့် Deputy CEO ဖြစ်တဲ့ ဦးအောင်ကျော်မျိုးကလောလောဆယ်ခွင့်ယူထားကြောင်းသိရပြီး ဇူလိုင် ၂၃ မှအဆက်အသွယ်ရမယ်လို့လည်းသိရပါတယ်။

Gabriel
Photo crd : Nay Win Htet facebook


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။