၂၀၁၇ အစောပိုင်းမှာ ထိပ်တန်းရောက်နေတဲ့ Male Model ၁၀ ဦး


David Gandy


 
အသက် ၃၇ နှစ် ရှိပြီးဖြစ်တဲ့ David Gandy ဟာ ယောကျ်ားလေး မော်ဒယ်လ်လောကမှာ မိန်းမလှတွေရဲ့ စိုးမိုးခြယ်လှယ်ခြင်းခံရတဲ့ သူတစ်ယောက်ပါ။ သူဟာ ၂၀၀၆ ခုနှစ်မှာ Dolce & Gabbana ရေမွှေးရဲ့ မျက်နှာသစ် မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး၊ လက်ရှိမှာလည်း အရင်အတိုင်းပဲ ဆွဲဆောင်မှုရှိနေဆဲပဲဖြစ်ပါတယ်။ မနှစ်ကဆိုရင် အမြဲတမ်း Sexy ကျကျအကြည့်နဲ့လန်းနေတတ်တဲ့ David ဟာ GQ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပိုင်ရှင်ဖြစ်ခဲ့ပြီး ၂၀၁၇ မှာ Dolce & Gabbana Light Blue Campaigns မှာလည်း ဆက်လက်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။


Matthew Noszka
 
အသက် ၂၂ နှစ်သာ ရှိသေးတဲ့ အမေရိကန် မော်ဒယ်လ် Matthew Noszka ဟာ လူသုံးများတဲ့ Social Media တွေထဲကတစ်ခုဖြစ်တဲ့ Instagram မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းခံရသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ သူဟာ Moschino, Philipp Plein and Jeremy Scott တို့နဲ့ ပူးပေါင်းပြီး အလုပ်လုပ်နေတယ်လို့ သိရပါတယ်။ မော်ဒယ်လ်လောက ကိုမရောက်ခင်မှာတော့ သူဟာ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်လှပဖို့အတွက် ဘက်စကက်ဘောကိုလည်းကစားခဲ့တယ်လို့ သိရပါတယ်။


Rob Evans
 
၁၉၈၉ ခုနှစ်မှာ မွေးဖွားခြင်းခ့ရတဲ့ Rob Evans ဟာ တက်သစ်စ မော်ဒယ်လ်တွေထဲကတစ်ယောက် မဟုတ်တာသေချာပေမယ့် စူးရှလွန်းတဲ့ သူ့ရဲ့အကြည့်တွေဟာ အရမ်းကို Stunning ဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ရဲ့ ထိပ်တန်း Model တစ်ယောက်ဖြစ်တဲ့အပြင် စိတ်အားထက်သန်တဲ့ လက်ဝှေ့သမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူ ဟာ Fashion Show တွေများစွာ လျှောက်လှမ်းလာခဲ့သူတစ်ဦးဖြစ်ပြီး၊ Givenchy, Moschino and Jeremy Scott တို့အတွက်လည်း အလုပ် လုပ်နေပါတယ်။ ဒါ့အပြင် America’s Next Top Model ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ နာမည်ကြီးမော်ဒယ်လ် Tyra Banks နဲ့လည်း အလုပ်တွဲလုပ်တယ်လို့သိရပါတယ်။



Kit Butler
 
၂၀၁၅ ခုနှစ်မှာ အသက် ၁၆ နှစ်သာ ရှိတဲ့ Kit ဟာ  တခြား မော်ဒယ်လ်တွေကိုကျော်ဖြတ်ပြီး အောင်မြင်မှုရရှိလာတဲ့ ဆယ်ကျော်သက် မော်ဒယ်လ် တစ်ဦးဖြစ်ပါတယ်။ သူရဲ့ အနေထိုင် အပြုအမှုတွေ ဟာ ချစ်စရာကောင်းတယ်လို့ဆိုပါတယ်။ ဒီနှစ် ၂၀၁၇ မှာ ဆိုရင်လည်း သူဟာ Ralph Lauren, Hugo Boss, Mango and Emporio Armani ရဲ့ တစ်ပင်တိုင်မော်ဒယ်လ်အဖြစ် ပါဝင်ဆောင်ရွက်ရမယ်လို့သိရပါတယ်။ မော်ဒယ်လ်အလုပ်အပြင် Kit ဟာ အားကစားနှင့် သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားသူတစ်ဦးလည်းဖြစ်ပါတယ်။


Adonis Bosso
 
Adonis Bosso ဆိုတဲ့ ကနေဒါနိုင်ငံသား မော်ဒယ်လ်ဟာ ငယ်စဉ်ကတည်းက အောင်မြင်လာခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ မေးရိုးပါးရိုး ရဲ့ ဆွဲဆောင်မှုတွေဟာ ဂရိဒဏ္ဍာရီထဲက အလှတရားရဲ့နတ်ဘုရားဖြစ်တဲ့ Adonis နှင့်တူသည်ဟု ချီးကျူးခြင်းခံရသူတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ တောက်ပလွန်းတဲ့အကြည့်တွေကြောင့် သူဟာ  Tom Ford,Dolce & Gabbana, John Elliott and Armani Exchange တို့ရဲ့ မော်ဒယ်လ်အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။


Sung Jin Park
 
Camera ကိုကြည့်တဲ့အကြည့်၊ သူများတွေနဲ့ မတူညီတဲ့ သူ့ရဲ့ စတိုင်လ်တွေကြောင့် နာမည်ရလာတဲ့ ကိုရီးယား မော်ဒယ်လ် Sung Jin Park ဟာ ၁၉၉၀ ခုနှစ် စက်တင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ fashion တွေ၊ တမူထူးခြားတဲ့ pose တွေကို  သူရဲ့ Instagram ဖြစ်တဲ့ @teriyakipapi မှာ လေ့လာလို့ရပါတယ်။ Rag & Bone, Fenty x Puma, John တို့ရဲ့ Runway မှာ Model တစ်ဦးဖြစ်ခဲ့ပြီး၊ ခုလက်ရှိမှာဆိုရင် Calvin Klein Platinum ရဲ့ Modelဖြစ်တဲ့ Justin Bieber နဲ့ Kendrick Lamar တို့အပြင် Sung Jin Park ဟာလည်း မျက်နှာသစ်ထဲက တစ်ယောက်ဖြစ်လာပါတယ်။


Sean O’Pry
 
အသက် ၂၇ နှစ်ရှိပြီးဖြစ်တဲ့ အမေရိကန် Hottie တစ်ယောက်ဆိုပြီးလူသိများတဲ့ Sean O’Pry ဟာ လက်ရှိမှာ ကြေးအမြင့်ဆုံး ယောကျာ်လေး Model တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဟာ ၂၀၀၆ ခုနှစ်မှာ America’s Next Top Model ရဲ့ ဒိုင်အဟောင်းတစ်ဦးဖြစ်တဲ့အပြင် Stylist တစ်ဦးလည်းဖြစ်တဲ့ Nolé Marinရဲ့ ခေါ်ဆောင်သင်ကြားပေးခြင်းဖြင့် မော်ဒယ်လ်အလုပ်ကိုစတင်လုပ်ကိုင်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာဆိုရင်ရဲ့ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ သူဟာ နှစ်တစ်နှစ်ရဲ့ အအောင်မြင်ဆုံး ယောကျ်ားလေးမော်ဒယ်လ် တစ်ယောက်အဖြစ် ဖော်ပြခြင်းခံခဲ့ပါတယ်။

 
Jackson Hale
 
အသက် ၂၂ နှစ်သာရှိသေးတဲ့ Jackson Hale ဟာ Tommy Hilfiger, Valentino, Burberry and Topman တို့ရဲ့ မော်ဒယ်တစ်ဦးဆိုလည်းမမှားပါဘူး။ သည့်အပြင် လက်ရှိ ၂၀၁၇ မှာ Jackson ဟာ နာမည်ကြီး မိန်းကလေး မော်ဒယ်တွေဖြစ်တဲ့ Cara Delevingne နဲ့ Jourdan Dunn တို့နဲ့အတူ  Balmain ရဲ့ ကြော်ငြာရိုက်ကူးရေးအတွက် ရွေးချယ်ခြင်းခံရတဲ့ တစ်ဦးတည်းသော ယောကျ်ားလေး မော်ဒယ်လ်တစ်ဦးဆိုလည်းမမှားပါဘူး။


Miles McMillan
 
Miles ဟာ ၁၉၈၉ ခုနှစ် ဇွန်လ ၂၇ ရက်မှာ မွေးဖွားပြီး အသက် ၁၈ နှစ်မှာ မော်ဒယ်အလုပ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ သူဟာဆိုရင် Campaign တော်တော်များများမှာ အောင်မြင်မှုရရှိလာတဲ့ သူတစ်ယောက်လို့လည်း ဆိုလို့ရပါတယ်။ ဒီနှစ်မှာဆိုရင် Miles  ဟာ Tommy Hilfiger, Michael Kors and Fendi တို့နဲ့ ကြော်ငြာရိုက်ကူးဖို့အတွက် ကမ်းလှမ်းခြင်းခ့ရသူတစ်ဦးဖြစ်ပါတယ်။


Jon Kortajarena
 

Jon Kortajarena ဆိုသူ စပိန်မော်ဒယ်ဟာဆိုရင် လူသိများတဲ့ တံဆိပ်တွေဖြစ်တဲ့ as Versace, Balmain, DKNY and Bvlgari တို့ရဲ့ Model တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ မေးရိုးဟာ ပရိသတ်ကို ဆွဲဆောင်စေနိုင်တဲ့အပြင် သူဟာ ဘာသာစကားသုံးမျိုးကို ကျွမ်းကျင်စွာပြောနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။