ဆံပင်အတိုနဲ့ပိုလိုက်ဖက်သွားတဲ့ နန်းစုဦး

     “ဘောင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့စသိခဲ့ရတဲ့ နန်းစုဦးကဆိုရင် အခုချိန်မှာတော့ ဇာတ်ကားပေါင်းတော်တော်များများမှာ သရုပ်ဆောင်ထားပြီးဖြစ်ပါတယ်…။ စတိုင်မိုက်မိုက်လေးနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့ ပုံစံလေးကလည်း သူမရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ…။

      သူမရဲ့ပရိတ်သတ်တွေ သူမကိုကြိုက်နှစ်သက်တဲ့ အချက်တွေကတော့ သူမရဲ့စကားပြောပုံနဲ့ သူမရဲ့စတိုင်တွေပဲဖြစ်ပါတယ်…။ နောက်ထပ် သူမကိုကြိုက်တဲ့အချက်တစ်ချက်ရှိပါသေးတယ်…။ အဲဒါကတော့ သူမရဲ့ဆံပင်ပုံစံပဲဖြစ်ပါတယ်…။

     သူမရဲ့ ဆံပင်ထူထူလေးကိုကောက်ထားတဲ့ ပုံစံလေးကို သူမရဲ့ဖန်တွေက ကြိုက်နှစ်သက်ကြတာပဲဖြစ်ပါတယ်…။

     ဒါပေမယ့် အခုခါမှာတော့ သူမရဲ့ဆံပင်ရှည်တွေကိုညှပ်ပစ်လိုက်ပြီး ဆံပင်ပုံစံအတိုလေးနဲ့ အရမ်းမိုက်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်…။ ဆံပင်အရှည်ထူထူလေးနဲ့တုန်းကလည်း ချစ်ဖို့ကောင်းပြီး အခုဆံပင်အတိုလေး ညှပ်လိုက်တဲ့အခါမှာလည်း တစ်မျိုးလေးမိုက်ပြီး အရမ်းကိုဆွဲဆောင်မှုရှိနေပါတယ်နော်…။ သူမရဲ့ခပ်မိုက်မိုက်စတိုင်လေးနဲ့လည်း လိုက်ဖက်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်…။