ဇာတ်ကားရိုက်ရင်းချစ်သူတွေဖြစ်သွားတဲ့ ကိုရီးယားသရုပ်ဆောင်စုံတွဲများ

Descendants of the Sun (Song Joong Ki နဲ့ Song Hye Kyo)

Descendants of the Sun ဇာတ်ကားကနေ Song Song Couple ဆိုပြီး နာမည်ပိုကြီးလာတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ အတွဲကတော့ အခုဆိုရင် မင်္ဂလာပွဲအတွက်တောင် စီစဉ်နေကြပြီထင်ပါတယ်။ ဇာတ်ကားထဲမှာ အရမ်းလိုက်ဖက်လို့ ပရိသတ်တွေက သူတို့ကို သဘောတူသလို တကယ်တမ်း သူတို့ချစ်နေကြတာလည်းသိရော ပိုပြီးတော့ ဝမ်းသာဂုဏ်ယူနေကြပါတယ်။

Weightlifting Fairy Kim Bok-Joo (Nam Joo-hyuk နဲ့Lee-Sung-Kyung )

Weightlifting Fairy Kim Bok-Joo ဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီးကလည်း အပြင်မှာ အခုဆို ချစ်သူတွေဖြစ်နေပါပြီ။ အစကတော့ ဒီဇာတ်ကားထဲမှာ မင်းသမီးက ရုပ်ဆိုးဆိုးပုံစံနဲ့ မင်းသားကအရပ်ရှည်ရှည် ခပ်ခပ်ချောချော ဆိုတော့ ပရိသတ်တွေက သဘောမတူပါဘူး။ ဒါပေမယ့် မင်းသမီးက တကယ်တမ်းတော့ အပြင်မှာ အရမ်းချော လှပတဲ့ သူတစ်ဦးပါပဲ။ အခုဆိုရင် မင်းသမီးတကယ်ချောတကယ်လှတာကို လက်ခံပြီး အခုဆိုရင် သူတို့ အတွဲကို ပရိသတ်တွေက သဘောတူနေပါပြီ။

Suspicious Partener (JiChang Wook နဲ့ Nam Ji Hyun)

Suspicious Partener ဇာတ်ကားထဲမှာ မင်းသားရောမင်းသမီးရောက ချောချောလေးတွေဆိုတော့ ပရိသတ်တွေက ဒီကားလေးကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဇာတ်ကားရိုက်ကွင်းထဲမှာ ကြည်နူးနေကြတဲ့ JiChang Wook နဲ့ Nam Ji Hyun တို့ရဲ့ အပြုအမူက တမူထူးခြားတာကို ပရိသတ်တွေက ရိပ်မိသလို နောက်ဆုံးမှာတော့ သူတို့နှစ်ဦးက ဒီဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ ချစ်သူတွေဖြစ်သွားတယ်လို့ပြောပါတယ်။