အနုပညာရှင်များစွာ ဝန်းရံခြင်းခံရလို့ မောင်ချို Winner ဆုရှင် ဖြစ်လာနိုင်တယ်လို့ ပရိသတ်များမှဝေဖန်

Myanmar Idol Season 3  ပြိုင်ပွဲကြီးဟာ အခုဆိုရင် တစ်ဖြည်းဖြည်းနဲ့ နောက်ဆုံးအချိန်ထိ နီးကပ်လာပြီဖြစ်ပါတယ်... 

ဒီထဲကမှ  မောင်ချို လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ချမ်းမြေ့မောင်ချိုကတော့ အနုပညာရှင်များစွာ အားပေးဝန်းရံခြင်းကို ခံရသူလေးပဲဖြစ်ပါတယ်...သူမဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူလဲဖြစ်သလို ချစ်ဖို့ကောင်းပြီး အသံချိုချိုလေး ပိုင်ဆိုင်ထားသူပါ...

အပါတ်စဉ်ပြိုင်ပွဲများကို ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့် တစ်ချို့အပါတ်တွေမှာ သီချင်းစာသားမေ့တာမျိုးလေးတွေဖြစ်ခဲ့ပြီး ဘော်တွန်သရီးမှာ ခနခန ထိုင်ခဲ့ရသူလေးလဲ ဖြစ်ပါတယ်...

ဒါပေမယ့် သူမဟာ နာမည်ရအနုပညာရှင်တွေဖြစ်တဲ့ စိုးမြတ်နန္ဒာ ၊ သားညီ ၊ ဟဲလေး ၊ ဇေရဲထက် ၊ကိုပေါက်၊ ဘီလီလမင်းအေး စတဲ့ သူတွေက သူတို့ရဲ့ Fb စာမျက်နှာမှာ အတိအလင်း အားပေးဝန်းရံခြင်းကို ခံရသူလေးလဲဖြစ်ပါတယ် ...

ဒါကြောင့် သူမကို အားပေးတဲ့ အနုပညာရှင်အသိုင်းအဝိုင်းရဲ့ အင်အားနဲ့ရော ၊ သူမရဲ့ အစွမ်းအစနဲ့ပါ ပေါင်းစပ်ပြီး ဒီနှစ် Myanmar Idol Season 3 ရဲ့ Winner ဆုရှင်ဖြစ်နိုင်မယ်လို့ အားလုံးကခန့်မှန်းနေကြသလို ဝေဖန်ကြတဲ့သူတွေလဲ များပြားခဲ့ပါတယ်...

ကဲ MMID ပရိသတ်ကြီးရော ဒီနှစ် winner က မောင်ချိုလေးဖြစ်မယ်ထင်လား☺

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။