မြန်မာလူမျိုးတွေသိက္ခာကျစေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦးရဲ့အပြုအမူ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြည်သူပိုင်လမ်းပေါ် ကွမ်းတံတွေးထွေးချမိတဲ့အတွက်ကြောင့် မြန်မာလူမျိုးတစ်ဦးကို ထိုင်းစည်ပင်က ဖမ်းပြီး ဘတ်ငွေ ၂၀၀၀ ဒဏ်ရိုက်ခဲ့တယ်။ အဲဒီအဖြစ်အပျက်ဟာ ခဏလေးအတွင်းမှာ နာမည်ကြီးသွားပြီး အွန်လိုင်းပေါ်ပြန့်နှံ့သွားတော့တယ်။

နောက်ပြီး ထိုင်းသတင်းစာတွေပေါ်မှာလည်း စည်းကမ်းမရှိတဲ့မြန်မာလူမျိုး ဆိုပြီးတစ်ဟုန်ထိုးနာမည်ကြီးသွားခဲ့တယ်။ စည်းကမ်းမဲ့လူတစ်ယောက်ကြောင့် မြန်မာလူမျိုးတွေသိက္ခာကျခဲ့ရပြီပေါ့။

နောက်ထပ်သတင်းတစ်ခုကတော့ ဖေ့စ်ဘွတ်ခ်စတင်ဆခတ်စားလာတဲ့ ၂၀၀၉ ခုနှစ်လောက်က။ အမေရိကန်နိုင်ငံက အများပြည်သူအတွက်ဖွင့်ထားတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာများမလာရ ဆိုပြီးဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထားတယ်။ မြင်တဲ့ မြန်မာတွေဒေါသထွက်ပြီး ဆိုင်ကိုဆန္ဒပြကြတယ်။ ဆိုင်ရှင်နဲ့ရှင်းကြတယ်။ အဲ့ဒီအခါသိလိုက်ရတာက ဆိုင်းဘုတ်ရေးတင်လိုက်တဲ့သူဟာ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်နေတာပါပဲ။ ဘာကြောင့်အဲဒီလိုရေးရသလဲဆိုတော့ …

အိမ်သာ၊ ရေချိုးခန်း၊ အမှိုက်ပုံတွေမှာ တံတွေးအနီရောင်တွေမကြာခဏပေကျံနေတယ်။ ဘယ်သူလုပ်လဲစောင့်ကြည့်တော့ မြန်မာတွေဖြစ်နေပါတယ်တဲ့။ တစ်ဦးတစ်ယောက်တည်းမဟုတ်ပဲ မြန်မာတော်တော်များများဒီလိုလုပ်နေကြတာမို့လို့ စည်းကမ်းမရှိလို့မလာနိုင်အောင် ရေးလိုက်တာဆိုပဲ။ သူပြောတာလဲမှန်နေတာပဲလေ။ ကိုယ့်ပေါက်ကိုယ်လှန်ထောင်းတဲ့အဖြစ်ပါပဲ။ ကိုယ်မှစည်းကမ်းမရှိတာ။ အဲ့ဒီအတွက်ဘာမှပြန်ပြောလို့၊ ပြန်ဆဲလို့မရဘူး။ ခံပေတော့ပဲ။

မြန်မာတွေကိုယ့်စည်းကမ်းနဲ့ကိုယ်နေတတ်ကြဖို့အတော်လေးအရေးကြီးပါတယ်။

Gabriel





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။