မြန်မာအိုင်ဒေါစီစဉ်သူ နဲ့ မြန်မာပြည်သိန်းတန်ကိုခပ်ထေ့ထေ့ဝေဖန်လိုက်တဲ့ ဂီတပညာရှင်ဦးစောနု

ဆရာဦးစောနု ကို ဂီတနဲ့မကင်းသူတိုင်း၊ ဂီတနယ်ပယ်ထဲကလူတိုင်း၊ အဆိုအတီးပညာရပ်လေ့လာလိုက်စားသူတိုင်းသိကြတယ်။ ဆရာကြီးကလည်း အဲဒီလို၀ါသနာရှင်တွေကို သင်ကြားပို့ချလာခဲ့တာ ဆယ်စုနှစ်တစ်ခုမကရှိနေခဲ့ပါပြီ။
ဆရာကြီးဟာ လက်ရှိမှာရေပန်းစားနေတဲ့ မြန်မာအိုင်ဒေါ နဲ့ပတ်သက်လို့ ခပ်ထေ့ထေ့ဝေဖန်မှုလေးတစ်ခုကိုပြုလုပ်ခဲ့ပြီး အဲဒီဝေဖန်မှုလေးက အိုင်ဒေါ နဲ့ ပရိသတ်တွေကြားထဲမှာ ဂယက်တစ်ခုဖြစ်ခဲ့ပါတယ်။

ဆရာကြီးဦးစောနုက အင်တာဗျုးတစ်ခုမှာ မြန်မာပြည်သိန်းတန်ကို ချီးမြှောက်ပြောဆိုခဲ့တဲ့ ဒေါ်နမ်းခမ်းလောင် နဲ့ပတ်သက်ပြီး ဝေဖန်ထားတာပါ။ " ကလေးတွေဟာ တတ်လွန်းလို့လာပြိုင်ကြတာမဟုတ်ပါဘူး။ ၀ါသနာပါလွန်းလို့သာလာပြိုင်ကြတာပါ။ American Idol မှာလို ထောက်ပြရုံနဲ့မရပါဘူး။ ပြိုင်ပွဲဝင်ချိန်မှာရော၊ တစ်ပတ်အတွင်းသင်ကြားပေးမှုမှာရော မှန်ကန်တဲ့အသံကိုထုတ်ပြပြီး သင်ကြားပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကလေးတွေအတွက်ပညာရမှာဖြစ်ပါတယ်။ စာသားမှားတာရယ်၊ အဝင်အထွက်လွဲတာထောက်ပြရုံနဲ့ ကလေးတွေပညာမရပါဘူး လို့ပြိုင်ပွဲဝင်တွေဘက်ကနေ ရပ်တည်ပြောဆိုခဲ့တာဖြစ်ပါတယ်။
တစ်ဆက်တည်း အကုန်လုံးကို ခြုံငုံလိုက်ရင် ကလေးတွေကို voting စနစ်ဆိုပြီး ပရိတ်သတ်ဘက်ကို လွှဲချလိုက်တယ်။ ပြီးတော့ ဦးသိန်းတန် ကိုဂီတနဲ့ပတ်သက်ပြီး တစ်ဖက်ကမ်းခတ်အောင်တော်တဲ့ အနုပညာရှင်တစ်ယောက်ဆိုပြီး ဂီတကို အတွင်းကျကျမသိပဲ မြှောက်ပင့်ပေးလိုက်တယ်။ ကျွန်တော်တို့သင်ခဲ့တဲ့ ရုရှားနိုင်ငံ ကမ္ဘာ့နံပါတ်တစ် တန်းဝင်ဂီတ တက္ကသိုလ်ကျောင်းကြီးက ပါမောက္ခကြီးတွေတောင်မှ ကိုယ့်ကိုကိုယ် တစ်ဖက်ကမ်းခတ်အောင်တော်တဲ့ ပညာရှင်လို့မပြောထားဘူး။ မခံယူဘူး။ အကုန်ပညာသင်တွေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပညာဆိုတာဆုံးတယ်မှမရှိတာ"  ဆိုပြီးပြောထားတာပါ။ နောက်ပြီး သူ့အမြင်ကို သဘောမတူဘူးဆိုရင်လည်း လူချင်းတွေ့ပြီးဆွေးနွေးနိုင်တဲ့သဘောမျိုးလည်းရေးသားခဲ့ပါတယ်။

WE ပရိသတ်ကြီးရော .. ဦးစောနု ရဲ့မှတ်ချက်ကို ဘယ်လိုထင်လဲ ..
Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။