သွားတွေဖြူဖွေးလာဖို့သဘာဝပစ္စည်းတွေနဲ့အိမ်မှာပြုလုပ်လို့ရတဲ့နည်းလမ်း

 လူတိုင်းဟာသွားတွေကိုဖြူဖွေးပြီးလှချင်ကြသူချည်းပါပဲ။သွားဖြူချင်ရင်ငွေကုန်ကြေးကျများပြီး တော့မှထိရောက်တဲ့နည်းလမ်းတွေလည်းရှိပါတယ်။ဒါကြောင့်ထိရောက်ပြီးငွေကုန်ကျေးကြမများတဲ့နည်းလမ်းတစ်ခုကိုဝေမျှပေးတော့မှာပါ။သဘာဝပါဝင်စ္စည်းတွေနဲ့လုပ်ထားတာကြောင့်အိမ်မှာလွယ်လွယ်ကူကူနဲ့ ကြိုးစားကြည့်လို့ရပါတယ်။ရလဒ်ကတော့သင်စိတ်ပျက်စရာဖြစ်လာစေမှာမဟုတ်ပါဘူး။

၁။သံပုရာရည်နဲ့ဂျင်းဖျော်ရည်

    ဒီဖျော်ရည်ကတော့ သွားရဲ့အပေါ်ယံကြွေလွှာကို သန့်စင်စေတာကြောင့် သွားတွေကို ပိုမိုတောက်ပလာစေမှာပါ။ဒီဖျော်ရည်နဲ့တစ်ပတ်ကို(၂)ကြိမ်လောက် ဆေးပေးမယ်ဆိုရင်သင့်အပြုံးတွေကိုပိုမိုတောက်ပလာစေမှာပါ။

၂။ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါဝင်တဲ့သွားတိုက်ဆေး

    မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း(၆)ဇွန်း၊အပူပေးထားတဲ့အုန်းဆီ(၂)ဇွန်း၊ပက်ပါမင့်ဆီ(၁၀)စက်ဒါ မှမဟုတ်လေးညှင်းပွင့်၊ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါဝင်တဲ့သွားတိုက်ဆေးလက်ဖက်ရည်ဇွန်း(၃)ဇွန်းစတဲ့အချိုးအဆအတိုင်းကို ခွက်တစ်ခုထဲထည့်ပြီးတော့ရောနှောလိုက်ပါ။ခရမ်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ပြီးရင်တော့ဘူးတစ်ခုထဲထည့်သိမ်းလိုက်ပါ။သွားတိုက်ဆေးအဖြစ်လို့သုံးရတယ်ဆိုပေမဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါဝင်တာကြောင့် မြိုမချမိဖို့တော့လိုပါမယ်။

   ဒီနည်းလမ်း(၂)မျိုးလုံးကတော့ တစ်ပတ်အတွင်းမှာသိသာလာနိုင်ပါတယ်။

Source:tophealth

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။