ချစ်သူအဖြစ်မရွေးချယ်ခင်ဘယ်လိုအချက်တွေကိုကြည့်သင့်သလဲ

သင့်ဘဝထဲကိုလူတစ်ယောက်ဝင်လာတော့မဲ့အချိန်မှာသင့်အချိန်တွေကိုပေးဖို့ထိုက်တန်တဲ့သူလား ဆိုတာ ဘယ်လိုသိနိုင်မလဲ?

    အရင်တုန်းကတည်းကတစ်ယောက်ယောက်နဲ့ဒိတ်ဖူးရင်တော့ဒီအချက်တွေကိုသိဖို့လိုချင်မှလိုမှာပါ။ relationshipအတွက်စဉ်းစားတော့မယ်ဆိုရင်အစပိုင်းမှာအပြောတွေချိုတာဖြစ်ဖြစ်ရုပ်ရည်ချောမော တာပဲဖြစ်ဖြစ်သိပ်ပြီးတော့ထည့်မတွက်ပါနဲ့။တချို့relationshipတွေဟာအစပိုင်းမှာ အဆင်ပြေချောမော နေခဲ့တာပါ။ကိုယ့်Crushကို အစကတည်းကသဘောကျနေပြီးသားဖြစ်နေခဲ့သလိုအဖြစ်အပျက်မျိုးပေါ့။ တွဲတာကြာလာတဲ့အခါမှာ အရမ်းပြောင်းလဲသွားတာမျိုးကြုံရတတ်ပါတယ်။ တချို့ယောကျ်ားလေးတွေဟာအေးစက်စက်နိုင်ပြီးကတိလည်းမတည်ကြပါဘူး။ဒါကြောင့်မို့လို့ဘယ်လိုအချက်တွေသတိထားသင့်တယ်ဆိုတာမျှဝေပေးလိုက်ပါတယ်။

၁။သင်ပို့တဲ့စာတွေကိုအရေးတယူလုပ်မယ်

      ဒါဟာအရးမပါတဲ့အချက်လေးလို့ထင်ရပေမဲ့ တကယ်တော့မဟုတ်ပါဘူး။သင့်ကိုအမှန် တကယ်စိတ်ဝင်စားပြီး နှစ်သက်သဘောကျတယ်ဆိုရင် ဒီလိုမျိုးစာတွေပြန်ပို့တာမျိုးက အချိန်ဖြုန်းသလိုဖြစ်နေရင်တောင်မှ ကျေကျေနပ်နပ်ကြီးကိုလုပ်နေမှာပါ။သင့်ရဲ့စာတွေကို လျစ်လျူရှုတယ်ဆိုရင်တော့ယဉ်ကျေးမှုမရှိတာရယ်မလေးစားတာရယ်ကိုပြတာပါပဲ။

၂။ပေးထားတဲ့ကတိတွေကို တည်အောင်လုပ်တယ်

      အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တဲ့သူကတော့လောကမှာအဆိုးဆုံးပါပဲ။သင့်ဘဝထဲကိုဝင်လာ မဲ့သူဟာကိုယ်ကျင့်သိက္ခာကောင်းဖို့လိုအပ်တာကြောင့်သူ့ရဲ့စကားလုံးတိုင်းက ကတိပါပဲ။ အဲ့ဒါကြောင့်ပြောထားတဲ့အတိုင်းဖြစ်အောင်လုပ်တတ်တဲ့သူမျိုးလားဆိုတာသေချာဆန်းစစ်ပါ။

၃။ငွေကြေးစီမံခန့်ခွဲတာတော်တဲ့သူလား

    ရေရှည်အတွက်တွေးထားတယ်ဆိုရင်တော့ သူဟာငွေကြေးစီမံခန့်ခွဲတာဘယ်လိုနေသလဲဆိုတာ ဆန်းစစ်ရမှာပါ။ဘဏ္ဍာရေးအခြေအနေအပြင်အရာရာတိုင်းကိုစီမံခန့်ခွဲနိုင်တဲ့သူဖြစ်ရမယ်။

၄။သင့်ရဲ့ထင်မြင်ချက်တွေကိုအလေးထားတယ်

    သင့်ရဲ့ ထင်မြင်ချက်တွေကို အလေးမထားတဲ့သူကိုအရင်တုန်းကတွေ့ဖူးပါသလား?

တစ်ချို့ကိစ္စတွေအတွက် ချစ်သူကိုမမေးသလို မေးဖို့လည်းစိတ်ကူးမရှိတဲ့သူမျိုးတွေရှိပါတယ်။ အဲဒီလိုလူတွေဟာစိတ်ပျက်စရာကောင်းလောက်အောင်အတ္တကြီးတဲ့သူတွေပါ။အဲ့ဒီလိုလူမျိုးတွေကို တော့ဝေးဝေးရှောင်ပါတော့။

၅။Good listener 

    သင့်ရဲ့ထင်မြင်ချက်တွေကို အလေးထားဖို့လိုအပ်သလို သင့်အကြံပေးချက်တွေကို သေချာနားထောင်တတ်တဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။တချို့တွေကတော့ ပြောနေတာကို နားထောင်တယ်လို့ပြောပါလိမ့်မယ်။ဒါပေမဲ့လည်းအမှန်တကယ်နားထောင်ဖို့လိုအပ်သလို စိတ်ဝင်စားမှုရှိဖို့လည်းလိုပါတယ်။

Source:beautyandtips

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။