ဥမင်လိုဏ်ခေါင်းပုံ ဆေးရေးပန်းချီကြောင့် တစ်ပတ်အတွင်းယာဉ်တိုက်မှု ၁၅ ခုအထိရှိခဲ့

နယူးမက္ကဆီကို စည်ပင်ဌာန ကထုတ်ပြန်ချက်တစ်ခုမှာ ဥမင်လိုဏ်ခေါင်းပုံစံရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီကြောင့် တစ်ပတ်အတွင်းယာဉ်တိုက်မှုပေါင်း ၁၅ ခုအထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ လေးယောက်ရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ဆေးရေးပန်းချီ Graffiti တွေကို ရေးဆွဲသူတွေဟာ အဖွဲ့အစည်းငါးခု ကဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် အဲဒီအဖွဲ့တွေမှာ တာဝန်အပြည့်ရှိတယ်လို့ နယူးမက္ကဆီကို မြူနီစီပယ်ဌာနက ရဲမင်းကြီး ဆန်းတို့စ် ဂွာရီလာ ဒယ်လ် ဂေါမက်ဇ် ကဆိုပါတယ်။ မက္ကဆီကိုမြို့ရဲ့ နံရံပေါင်း ၂၄ ခုမှာ ရေးဆွဲထားတဲ့ ရုပ်ပုံပေါင်း ၂၄ ခုရှိနေပြီး အများစုဟာ တိရစ္ဆာန်ပုံ၊ လူပုံ နဲ့ ခေတ်စားနေတဲ့ စာလုံးဒီဇိုင်းတွေဖြစ်တယ်လို့ဆိုတယ်။ ဒါပေမယ့် လက်ရှိ ဖြစ်ရပ်တွေဖြစ်ပွားခဲ့တဲ့ ရုပ်ပုံကတော့ တစ်ဖက်ခြမ်းကို လှမ်းမြင်နေရတဲ့ လိုဏ်ခေါင်းပုံဖြစ်ပြီး အကြောင်းသိသူ မြို့သားတွေနဲ့ဒေသခံတွေက ရှောင်ကြတယ်လို့ဆိုပါတယ်။ ထိခိုက်သူလေးဦးစလုံးဟာ အမေရိကန်နိုင်ငံသားခရီးသွားတွေဖြစ်ပြီး အလည်လာကြတဲ့သူတွေလည်းဖြစ်ပါတယ်။ အခုအခါမှာတော့ အဲ့ဒီရုပ်ပုံကို ဆေးပြန်သုတ်လိုက်ပြီဖြစ်ပြီး သတိပေးဆိုင်းဘုတ်တွေထောင်ထားတယ်လို့သိရပါတယ်။

Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။