ဒေါ်လာ ၅၀၀ တန်နားကြပ်ပါလက်ဆောင်ရမယ့် မြန်မာငွေ ၂၆ သိန်းတန် LG စမတ်ဖုန်းသစ်

ကမ္ဘာ့မိုဘိုင်းဖုန်းဈေးကွက်ထဲမှာ နေရာတစ်နေရာကို အပိုင်ယူထားနိုင်တဲ့ LG ဟာ Luxury အမျိုးအစားမှကြိုက်တတ်တဲ့ User တွေအတွက် အံ့အားသင့်စရာအိပ်မက်တစ်ခုကိုအကောင်အထည်ဖော်ပေးလိုက်ပြန်ပါပြီ။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းကမှ စတင်ရောင်းချပေးခဲ့တဲ့ LG V30 Signature Edition ကို remaster ပြန်လုပ်ထားတဲ့ LG V35 ပါပဲ။

Signature edition ဆိုတဲ့အတိုင်းပဲ LG V 30 ဟာ အလုံးရေ ၃၀၀ သာထုတ်လုပ်ခဲ့တာဖြစ်ပြီး နောက်ထွက်လာမယ့် V 35 ဟာလည်း သူ့ရဲ့နောင်တော်ကြီးလိုပဲ အလုံးရေ ၃၀၀ ဆိုတဲ့အရေအတွက်နဲ့သာဖြန့်ချိသွားမှာဖြစ်ပါတယ်။ LG V 30 တုန်းက ကိုယ်ထည်ကို Zircon ကြွေနဲ့ပြုလုပ်ထားပြီး တန်ကြေးက ဒေါ်လာ ၁၈၀၀ ရှိခဲ့တယ်။ ဒုတိယ Edition ဟာလည်း ကြွေထည်ဒီဇိုင်းနဲ့လာမှာဖြစ်ပြီး ခြစ်ရာ၊ အစင်းရာဒဏ်တွေကို ခံနိုင်အောင်ပြုလုပ်ထားတယ်။ ဒီဇိုင်းပိုင်းအရတော့ LG V 35 ဟာ ပြီးခဲ့တဲ့ မေလတုန်းက ထုတ်လုပ်ခဲ့တဲ့ LG V 30 နဲ့အတူတူပဲဖြစ်ပြီး မျက်နှာပြင်ကတော့ ခြောက်လက်မအကျယ်ရှိတဲ့ Fullvision OLED Panel နဲ့လာမှာပါ။ ကိုယ်ထည်အချိုးအစားကတော့ 18:9 Screen ဖြစ်ပါတယ်။ သိုလှောင်နိုင်တဲ့ပမာဏကတော့ RAM 6GB ကနေ 256GB အထိပါဝင်မှာဖြစ်သလို၊ MicroSDslot ပါတဲ့အတွက် storage ပမာဏကိုထပ်ပြီးတိုးမြှင့်နိုင်မှာဖြစ်တယ်။

ကျောဘက်မှာ fingerprint scanner နဲ့အတူ 16Megapixels ရှိတဲ့ အလျားလိုက် dual main camera နှစ်လုံးပါဝင်မှာပါ။ အဲဒီအထဲကတစ်လုံးကတော့ 107 Degree ultra – wide angle ကင်မရာစနစ်ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ကတော့ 3300 mAh ဘက်ထရီနဲ့အတူ fast charging စနစ်တွေ၊ wireless charging ( ကြိုးမဲ့အားသွင်းစနစ်တွေ ) ပါဝင်မှာဖြစ်ပါတယ်။

LG V 35 အနေနဲ့ Flagship ဖုန်းတစ်လုံးဆိုတဲ့အတိုင်းပဲ ရေစိုတာ၊ ဖုန်ဝင်တဲ့ဒဏ်တွေကို IP68 rating အထိခံနိုင်ရည်ရှိမယ်လို့လည်းဆိုထားတယ်။ Luxury edition တစ်ခုဖြစ်တဲ့အတွက်လည်း အထူးဝန်ဆောင်မှုတွေအများကြီးပါဝင်ဦးမှာပါ။ အဲဒီအထဲကနှစ်ခုကတော့ ဒေါ်လာ ၅၀၀ တန် ဖုန်းနားကြပ်၊ သားရေစစ်စစ်ဖုန်းကာဗာလက်ဆောင်အပြင် ဝယ်ယူသူရဲ့နာမည်ကိုလည်း ဖုန်းရဲ့ကိုယ်ထည်မှာထွင်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
အရောင်အနေနဲ့ အနက်၊ အဖြူနှစ်ရောင်တည်း လာမှာဖြစ်ပြီး LG V 35 Signature edition ကိုတော့ လာမယ့် သြဂုတ် ၁၃ ရက်နေ့မှာ ဒေါ်လာ ၁၈၀၀ နီးပါးဈေးနဲ့တရားဝင်ဖြန့်ချိသွားမှာဖြစ်တယ်လို့သိရပါတယ်။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။