ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံသိမ်းပိုက်လိုက်ပြန်တဲ့ CL


မြန်မာပြည်က ပရိသတ်တွေနဲ့လည်း မစိမ်းသူ ကမ္ဘာကျော် K POP Girl-group တစ်ခုဖြစ်တဲ့ 2NE1 ရဲ့ အဖွဲ့ဝင်ဦးဖြစ်တဲ့ CL ဟာ Aug 3 ရက်နေ့မှာဆိုရင် Singapore နိုင်ငံရဲ့လေဆိပ်မှာ သူမရဲ့ လတ်တလော ပုံရိပ်တွေပျံနှံ့လာခဲ့ပါတယ်။ ဒါဟာ အထူးအဆန်းမဟုတ်ပေမဲ့ CL ဟာ ပရိသတ်နဲ့ Social Media မှာလည်း ခဏခဏအဆက်အသွယ်ရနေတဲ့သူမဟုတ်တဲ့အတွက်ကြောင့် သူမရဲ့ ကိုယ်အလေးချိန်တက်လာတဲ့ပုံရိပ်တွေဟာ ပရိသတ်တွေအတွက် တကယ်ကို အံ့အားသင့်စေခဲ့ပါတယ်။

ဒါပေမဲ့ CL ဟာ Self Confident ဆိုတဲ့စကားနဲ့အညီ သူမကိုယ်သူမ ယုံကြည်မှုအပြည့်နဲ့ မနေ့ညက ဖျော်ဖြေပွဲတစ်ခုမှာ အရင်တုန်းက CL ထက် Skill တွေလျော့မသွားတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကိုလည်း ထပ်မံရရှိလာခဲ့ပါတယ်။ Weight Gained နေတယ်ဆိုပေမဲ့ သူမဟာ အလှမပျက်တဲ့အပြင် ပိုပိုပြီးတော့တောင် လှလာပါတယ်လို့တွေ့ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။