
Melody World ပရိသတ်တွေအတွက် တကယ့်ကို အကြီးစား Surprise
Melody World ပြိုင်ပွဲဆိုတာ မသိတဲ့ပရိသတ် မရှိသလောက်ပါ။ တကယ်စစ်မှန်တဲ့အရည်အချင်းရှိတဲ့ အဆိုတော်တွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အဆိုပြိုင်ပွဲတစ်ခုဆိုလည်းမမှားပါဘူးနော်။ Voting စနစ်နဲ့မဟုတ်ပဲ Judges များရဲ့ တိကျတဲ့ဆုံးဖြတ်ချက်တွေနဲ့သာ ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုပေါ့။
ခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဂီတလောကမှ အောင်မြင်နေကြတဲ့ အဆိုရှင်တွေဖြစ်တဲ့ ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ ကျော်သီဟ၊ ဖြိုးပြည့်စုံ၊ Jewel နဲ့ တခြားအဆိုတော်တွေဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်၊ ခင်စုစုနိုင်၊ ကျော်ဇင်မင်းတို့ဟာလည်း Melody World မှ မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံကျော်အဆိုတော်တွေပဲပေါ့။
ခုဆိုလည်း ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ ကျော်သီဟ၊ ဖြိုးပြည့်စုံ နဲ့ Jewel တို့ဟာလည်း Melody World ချစ်ပရိသတ်တွေအတွက် Surprise အနေနဲ့ Something New တွေပြန်လာတော့မယ်ဆိုတားသိရပါတယ်။ သူတို့တွေရဲ့ ပရိသတ်တွေအတွက်ကတော့ တကယ့်ကိုသတင်းကောင်းလေးပဲနော်။
ဘယ်တော့ လောက် ဘယ်လိုသီချင်းမျိုး ဘယ်လိုပုံစံနဲ့ ထွက်ရှိလာမလဲဆိုတာ သေချာမသိရသေးပေမဲ့ တကယ့်ကို ရင်ခုန်လို့ရမယ့် သီချင်းတွေဖြစ်မယ်လို့ယုံကြည်ပါတယ်။
Photos - Credit
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။