အသက် ၃၀ ကျော်ပေမယ့် ဆယ်ကျော်သက်တွေ လိုက်မမှီနိုင်တဲ့ ဒိတ်ဒိတ်ကြဲ Bollywood မင်းသမီး (၃)လက်

အသက် (၃၀) ကျော်ပေမယ့် အခုချိန်ထိ လန်းနေဆဲ အပျိုကြီး မမတွေနော် ... သေသွားမယ် ရှင်သွားမယ် မသေမရှင်ဖြစ်သွားမယ်

Priyanka Chopra 

Chopra က လက်ရှိမှာ အသက် (၃၆) နှစ်ရှိပြီဖြစ်ပြီး အမေရိကန် အဆိုတော် သရုပ်ဆောင် Nick Jonas နဲ့ တွဲနေတာ ဖြစ်ပြီး မကြာခင်မှာ မင်္ဂလာဆောင်တော့မယ်လို့ သိရပါတယ်... Bollywood မှာတင်မက Hollywood မှာပါ ခြေဆန့်နိုင်တဲ့ မင်းသမီးချော တစ်လက်ဖြစ်ပြီး အခုချိန်ထိ လုံး၀ လန်းနေတုန်းပါပဲ...

Katrina Kaif

Kat ဟာ ပြီးခဲ့တဲ့လကပဲ အသက် (၃၅) နှစ်ပြည့်သွားခဲ့တာ ဖြစ်ပြီး Bollywood ရဲ့ Sexy အကျဆုံးနဲ့ အလှပဆုံး မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး ... သူမဟာ Bollywood ရဲ့ မင်းသမီးတွေထဲကမှ အကအကောင်းဆုံး မင်းသမီးတစ်ယောက်လို့ သတ်မှတ်ခြင်းကို ခံထားရသလို ကိုယ်ပိုင် Gym ကို ဖွင့်လှစ်ထားပြီး အားကစား လိုက်စားတဲ့ မင်းသမီးတစ်လက်ပါ ... ၂၀၁၆ ထဲက အခုချိန်ထိ တွဲတဲ့သူမရှိပဲ Single ဘဝမှာ ပျော်ရွှင်နေသူလေးပါ... အသက် (၃၅) နှစ်ဆိုပေမယ့်  Body နဲ့ အကတွေက လုံး၀ ရုးခါသွားစေမှာပါနော်

Deepika Padukone

Deepika ကတော့ လက်ရှိ  အသက် (၃၂)နှစ်ဖြစ်ပြီး လက်ရှိမှာတော့ မင်းသားချော  Ranveer Singh နဲ့ တွဲနေတာဖြစ်ပါတယ်...သူမဟာလည်း Bollywood  ရော Hollywood မှာပါ ခြေချနိုင်တဲ့ မင်းသမီးချော ဖြစ်ပြီး အခုချိန်ထိ လှပနေဆဲ မင်းသမီးတစ်ဦးပါ