Ariana Grande ကိုအရူးအမူကြိုက်လို့သူ့လိုဖြစ်ချင်ကြတဲ့မိန်းကလေးတွေ

   ချစ်စရာကောင်းတဲ့အဆိုတော်မလေး Ariana Grande ရဲ့မိတ်ကပ်အပြင်အဆင်ဆံပင်စတိုင်တွေကို    ကြိုက်နှစ်ကြတဲ့ မိန်းကလေးတွေအများအပြားရှိပါတယ်။အဲ့ဒီအထဲမှာမှတော်တော်လေးကို အရူးအမူးကြိုက်တဲ့မိန်းကလေးတွေလည်းရှိပါတယ်။

Gabriella Demartino

  သူမကတော့ Ariana Grande ရဲ့ပြင်ဆင်ခြယ်သမှုတွေတင်မကပါဘူး အမူအရာတွေကိုပါလိုက်ပြီးအတုခိုးနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ Ariana တစ်ယောက် ဆံပင်အနီရောင်ပြောင်းရင်လိုက်ပြောင်းပြီး ကြေးနီရောင်ပြောင်းရင်လည်းလိုက်ပြောင်းလေ့ရှိပါတယ်။နောက်ဆုံး Selfieရိုက်ရင်တောင် Ariana လိုအပြုံးမျိုးပြုံးတတ်အောင်ကြိုးစားတတ်ပါတယ်တဲ့။

Jacky  Vazquez

သူကလည်း Ariana ကိုအတုခိုးရတာကြိုက်တဲ့သူပါပဲ။ပိုကံကောင်းတာကတော့ Ariana နဲ့အတော်လေးဆင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါ။

Jess Chic

  သူမကတော့ အဆိုးဆုံးပါပဲ။ပိုနီတေးမစည်းထားတဲ့ဓာတ်ပုံဆိုတာမရှိလောက်အောင် ကိုရူးသွပ်လွန်းတဲ့သူပါ။ Ariana ရဲ့ မျက်နှာပုံစ၊ံဟန်ပန်တွေ အရာရာတိုင်းကိုအတုခိုးနေတဲ့မိန်းကလေးပါပဲ။

   လူတိုင်းမှာကိုယ်ပိုင်အလှတွေကိုယ်စီရှိနေပါတယ်။တစ်ခါတစ်ရံမှာAriana ရဲ့ စတိုင်လေးကို အတုခိုးတယ်ဆိုပေမဲ့ အမြဲတမ်းဒီလိုမျိုးကြိုးစားအားထုတ်နေတဲ့မိန်းကလေးတွေကိုတွေ့ရတာတော့ သူတို့အစားပင်ပန်းတယ်လို့ ခံစားရပါတယ်။ဒါပေမဲ့လည်းGabriellaကတော့သူမရဲ့ကိုယ်ပိုင်စတိုင်အတိုင်းဝတ်ဆင်လာပါပြီ။သင်လည်း Ariana ရဲ့ပရိသတ်တစ်ယောက်လား။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။