ဂရိနိုင်ငံရဲ့တော်ဝင်မင်းသားချောလေးကသရုပ်ဆောင်လုပ်တော့မယ်ဆိုတော့

    မီဂန်မာကယ်ကတော့တော်ဝင်မိသားစုအဖြစ်ခံယူလိုက်ရတဲ့အခါ အလုပ်တာဝန်တွေရှိတာ ကြောင့်သရုပ်ဆောင်အလုပ်ကိုစွန့်လွှတ်လိုက်ရပါတယ်။တစ်ခြားတစ်ဖက်မှာတော့ ဂရိနိုင်ငံရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ Prince Achileas ကတော့ သူကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ဖို့စတင်ကြိုးစားနေပြီဆိုတာပါပဲ။

   မင်းသားဟာThe Bold and the Beautiful ဆိုတဲ့အမေရိကန်ဇာတ်လမ်းတွဲမှာ မင်းသမီးတွေဖြစ်တဲ့Ashleigh Brewer ၊ Rena Sofer တို့နဲ့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးတွေဖြစ်တဲ့  မင်းသားPavlos နဲ့ မင်းသမီးMarie-Chantal တို့ကတော့ မင်းသားလေးရဲ့မိဘတွေဖြစ်ပါတယ်။ သူတို့ကလည်းလူမှုကွန်ရက်ပေါ်မှာ ဇာတ်လမ်းတွဲထဲကမင်းသမီးတွေနဲ့တွဲရိုက်ထားတဲ့ပုံကိုမျှဝေထားတာကြောင့် မင်းသားအနေနဲ့သရုပ်ဆောင်အလုပ်လုပ်တာကို အားပေးတာကိုလည်းတွေ့ရပါတယ်။

ဒီဇာတ်လမ်းတွဲမှာ မင်းသားလေးအနေနဲ့သင်ယူတဲ့အနေနဲ့ပါဝင်သရုပ်ဆောင်ထားသလို အခန်းအများကြီးလဲပါဝင်ခြင်းမရှိပါဘူး။

  ဒီလိုမျိုးဇာတ်လမ်းတွဲအရှည်ကြီးမှာ မင်းသားအနေနဲ့ဆက်လက်ပါဝင်ဦးမလားသေချာမသိပေမဲ့ ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့မင်းသားချောချောလေးကိုမျက်စိကျနေကြပြီလည်းဖြစ်ပါတယ်။ မင်းသားလေးရဲ့အင်စတာဂရမ်မှာဆိုရင်လည်း Followလုပ်ထားသူ ၂၆၀၀၀လောက်ကဝန်းရံခံနေရတာ လည်းဖြစ်ပါတယ်။

ဒီလိုမင်းသားချောချောလေးကို  သဘောကျနေတဲ့နှုတ်ခမ်းနီမလေးတွေကလည်း အများကြီးရယ်ပါ။ ဒါပေမဲ့လည်း အင်စတာဂရမ်မှာ“girlfriend”  ဆိုတဲ့ ရိုးရှင်းတဲ့captionတစ်ခုနဲ့ ဒီလိုပုံလေးတင်လိုက်တာကိုလည်းတွေ့ရတာကြောင့် နှုတ်ခမ်းနီမလေးတွေအတွက် ဝမ်းနည်းစရာပါကွယ်။

    အသက်(၁၇)နှစ်ရှိပြီဖြစ်တဲ့မင်းသားလေးAchileas ကတော့ မောင်နှမ(၅)ဦးအနက် တတိယမြောက် သားတော်လေး လည်းဖြစ်ပါတယ်။ပညာရေးအတွက်တော့လက်ရှိ အင်္ဂလန်နိုင်ငံမှာနေထိုင်နေတာ လည်းဖြစ်ပါတယ်။

Source:dailymail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။