မှဲ့ခြောက်တွေအမဲစက်တွေအတွက်အိမ်တွင်းမှာပြုလုပ်လို့ရတဲ့နည်းလမ်းကတော့

       မှဲ့ခြောက်တွေအမဲစက်တွေထွက်လာတတ်တာဟာအသက်အရွယ်ကြောင့်လည်းဖြစ်နိုင်သလို အခြားသော အကြောင်းအရာတွေလည်းရှိပါတယ်။နောက်ပြီးတော့အသက်၅၀ ဝန်းကျင်မှာအဖြစ်များပါတယ်။ များသောအားဖြင့် လက်တွေနဲ့မျက်နှာမှာဖြစ်တတ်ပါတယ်။ 

    ဒီလိုအမဲစက်တွေဟာ အများဆုံးဖြစ်တတ်တာကတော့ နေရောင်ခြည်နဲ့ထိတွေ့တာများလို့ပါ။ဒါကြောင့်နေရောင်ခြည်နဲ့ထိတွေ့တာများတဲ့နေရာတွေဖြစ်တဲ့ လက်ဖျံတွေ မျက်နှာတွေမှာဖြစ်တတ်ပါတယ်။

    ဒီအတွက်အိမ်တွင်းမှာပြုလုပ်လို့ရတဲ့နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

  ၁။ လတ်ဆတ်တဲ့ကြက်သွန်နီတစ်လုံးကိုယူပါ။

၂။ဓားနဲ့အတုံးလေးတွေတုံးပြီးရင် ကြိတ်ညက်သွားတဲ့ အထိထောင်းလိုက်ပါ။

၃။အရည်တွေထွက်လာတဲ့အထိညက်ညက်ကြေသွားရင်တော့ apple cider vinegar နဲ့  blender ထဲထည့်ကြိတ်လိုက်ပါ။

၄။ရလာတဲ့အရည်ကို ဝါဂွမ်းနဲ့ယူပြီးအမဲစက်တွေရှိတဲ့နေရာကို ပွတ်လိမ်းလိုက်ပါ။

၅။နောက်တစ်ချက်ကတော့ဒီလိုမျိုးအသားအရေကိုပြန်လည်ထိမ်းသိမ်းနေစဉ်မှာ နေပူထဲထွက်တဲ့အခါSunscreenကိုသုံးဖို့လည်းမမေ့ပါနဲ့။

Source:infacter

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။