မမေးသင့်တဲ့မေးခွန်းတစ်ခုကိုမေးလိုက်တာကြောင့် ဗျာ ကနဲဖြစ်သွားရတဲ့ဖြိုးမြတ်အောင်

Winner ကတော့ ဖြိုးမြတ်အောင် ဖြစ်သွားပြီ။ ဒါပေမယ့် တကယ်တမ်းဆုယူရမယ့်အချိန်၊ ပြိုင်ပွဲဝင်တွေရဲ့ ဂုဏ်ကိုချီးမွမ်းခန်းဖွင့်တဲ့အချိန်မှာ ဖြိုးမြတ်အောင် အနေနဲ့ ဘေးကိုရောက်သွားတယ်လို့ခံစားရတယ်။ ခံစားရတာမဟုတ်ပါ၊ တကယ်ကိုဘေးရောက်သွားတယ်ဆိုတာ ကြည့်တဲ့သူတွေမြင်ပါလိမ့်မယ်။

နောက်ဆုံးပြီးမယ့်သာပြီးသွားတယ်။ Winner က ဖြိုးမြတ်အောင် လား မောင်ချို လားဆိုတာမသဲကွဲဘူး။
ထားပါတော့။ အားလုံးပြီးသွားတော့ မီဒီယာတစ်ချို့က ဖြိုးမြတ်အောင် ကို အင်တာဗျူးကြတယ်။ အဲ့မှာ ဘယ်မီဒီယာလည်းတော့မသိ၊ မေးပုံက “ မောင်ချိုက Grand Final ကိုတက်ရောက်နိုင်ခြင်းမရှိဘူး။ အဲ့ဒီမှာ ယှဉ်ပြိုင်ခြင်းမရှိပဲ Winner ရသွားတဲ့အပေါ် လိပ်ပြာသန့်ပြီး တရားတယ်လို့ထင်လား “ ဆိုပြီးမေးခဲ့တာ။

ဖြိုးမြတ်အောင် ကိုယ်တိုင် ဗျာ ကနဲဖြစ်သွားတယ်။ တော်တော်လေး အံ့သြသွားတဲ့ပုံပဲ။ မီဒီယာ ကအင်တာဗျူးလိုက်တာဆိုပေမယ့် သူမေးလိုက်တဲ့ပုံကြီးက တော်တော့်ကို offensive ဖြစ်လွန်းတယ်။ မေးသူရဲ့မျက်နှာကိုမမြင်နိုင်ပေမယ့် စိတ်ထဲမှာ အားပေးနေတဲ့သူ Winner မဖြစ်ရခြင်းအပေါ် အားမလိုအားမရဖြစ်နေသလို၊ Winner ဖြစ်သွားတဲ့သူကိုလည်း Jealous ဖြစ်နေတဲ့ပုံလို့ထင်ပါရဲ့။ ဘယ်မီဒီယာကလည်းမသိပေမယ့် သူ့မေးခွန်းကိုဒီလိုအချိန်မှာ မေးသင့်မမေးသင့် မခွဲခြားနိုင်လောက်အောင် အသိတရားမဲ့သွားတယ်လို့ပဲမြင်တယ်။

အဲ့ဒီမေးခွန်းအပေါ်ကို ဖြိုးမြတ်အောင် ကတော့ အေးအေးဆေးဆေးပဲတုံ့ပြန်ခဲ့တယ်။ ကျွန်တော်မသိဘူး။ မပြောတတ်ဘူး။ ပရိသတ်ကပဲဖြေပါလိမ့်မယ် တဲ့။ တကယ်ဆိုပရိသတ်ကတောင်ဖြေစရာမလိုတဲ့အမေးပါ။ ပြိုင်ပွဲဝင်နှစ်ယောက်ပဲရှိတာ၊ တစ်ယောက်က မပြိုင်နိုင်ဘူးပဲထားပါတော့။ အဲ့ဒီအတွက် Season 3 ထဲက တခြား competitor တစ်ယောက်ကိုပြန်ထည့်ရင်ထည့်၊ မထည့်ချင်ရင် Winner ပေး။ ဒါပဲရှိတာလေ။ နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက်တောင်မထည့်ချင်၊ အာရုံနောက်မခံချင်လို့ Winner ပေးလိုက်တာကို ဘာတွေများ J ဝင်နေကြလဲဆိုတာ စဉ်းစားလို့ကိုမရတော့ဘူးရယ်။

Gabriel
Crd : Lin Myat Maung

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။