ရုပ်ရှင်မင်းသမီးတွေအလား ထင်မှတ်မှားရမဲ့ မြန်မာနိုင်ငံရဲ့Beauty Blogger ချောချောလေးတွေ

   အခုဆိုရင်အွန်လိုင်းမှာ Beautyနဲ့ပက်သက်လို့ ဗဟုသုတတွေမျှဝေပေးနေတဲ့ Beauty Bloggerတွေကလည်းခေတ်စားလာပါပြီ။ဒီလို Beauty Blogger တွေကြောင့်  မဒီလေးတွေအတွက် အလှအပနဲ့ပက်သက်လို့ လေ့လာရတာပိုမိုလွယ်ကူသွားတာပါ။လူသိများတဲ့Beauty Blogger တွေအထဲကမှ ရုပ်ရှင်မင်းသမီးတွေများလားလို့ထင်မှတ်မှားရမဲ့ Beauty Blogger ငယ်ငယ်ချောချောလန်းလန်းလေး (၄)ယောက်ကိုရွေးချယ်ပေးထားပါတယ်။သူမတို့တွေကတော့

Beautybynachi

    မိန်းကလေး ပရိသတ်တွေအများကြီးပိုင်ဆိုင်ထားတဲ့နေခြည်ကတော့လူသိများတဲ့ ထိပ်တန်းBeauty Blogger တစ်ယောက်ပါပဲ။သူမရဲ့ beautybynachi page ကတော့ follower၅သိန်း၇သောင်းကျော် ရှိနေပြီဖြစ်ပါတယ်။အမိုက်စားဖက်ရှင်တွေနဲ့လူတကာမျက်စိကျရတဲ့နေခြည်ကတော့ အခုရက်ပိုင်းမှာမျက်နှာကိုအနည်းငယ်ခွဲစိတ်လိုက်ကာမှ ပိုပြီးတော့တောင်မှလန်းနေတာပဲဖြစ်ပါတယ်။ သွက်သွက်လက်လက်နဲ့ ဟန်မဆောင်တတ်တဲ့ပုံစံလေးကြောင့်လည်းဆွဲဆောင်မှုရှိတဲ့ Beauty Blogger တစ်ယောက်ဖြစ်ပါတယ်။  

Source:Beautybynachi

Source:Beautybynachi

Carrieland

    သူမကိုယ်သူမ  Carrie လို့ပြောတတ်လေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးကတော့ မကြာသေးခင်ကမှDip in Business  မှာအမှတ်အများဆုံးရထားတဲ့ အဆင်းရောအချင်းပါပြည့်စုံသူလေးပါ။ သူမရဲ့ page ကတော့ Carrieland ဖြစ်ပြီး follower ၇၇၀၀၀ကျော်ရှိပါတယ်။ အသားဖြူဖြူနဲ့ချစ်စရာ Beauty Blogger မလေးကတော့ လက်ရှိမှာလည်းမော်ဒယ်လ်အလုပ်တွေကိုလုပ်ကိုင်နေပါတယ်။

Source: Carrieland

Source: Carrieland

Follow Her  

           လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့အထာကျတဲ့ Beauty Blogger မလေးကတော့ သူမကိုယ်သူမ “မေ”လို့သုံးလေ့ရှိပါတယ်။သူမရဲ့ page  ကတော့ Follow Her  ဖြစ်ပြီး Follower၂ သိန်းနီးပါးရှိပါတယ်။ တကယ့်ကိုအထာကျမကျကိုတော့ ပုံတွေမှာကြည့်ကြည့်လိုက်ပါဦး။

Source:Follow Her  

Source:Follow Her  

Art By Lann

   သူမကတော့  Follower (၂)သိန်းနီးပါးရှိတဲ့ Art By Lann  Pageရဲ့ ပိုင်ရှင်လေးပါ။မိတ်ကပ်သင်တန်း တွေလည်းဖွင့်လေ့ရှိတဲ့သူမကတော့ မသိရင်ကိုရီးယားမလေးလို့ထင်သွားရလောက်အောင်ကြည်လင်တဲ့ အသားအရေပိုင်ရှင်ပိုင်ရှင်လေးပါပဲ။သူမကလည်း မြန်မာနိုင်ငံရဲ့ Beauty Blogger အချောလေးတွေစာရင်းမှာပါလာသင့်တဲ့ သူတစ်ယောက်ဟုတ်မဟုတ်ဆိုတာကြည့်ကြည့်ပါဦး။

Source:Art By Lann

Source:Art By Lann

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။