ရွှေမှုန်ရတီနဲ့ ရွှေထူး တို့ရဲ့ Dating သတင်း

ဒီနေ့ Facebook စာမျက်နှာမှာတော့ နာမည်ကြီးမင်းသမီး ရွှေမှုန်ရတီနဲ့ မိန်းကလေးတွေရဲ့ အသည်းစွဲ အဆိုတော် ရွှေထူးတို့ ချစ်သူတွေ ဖြစ်နေကြပြီလား ဆိုတဲ့ အကြောင်းနဲ့ သူတို့နှစ်ဦးရဲ့ BKK မှာ Date နေကြကြောင်း သက်သေခံပုံတွေ ပျံနှံပြီး လူပြောများနေကြပါတယ်...

Shwe Hmone Fb

Shwe Htoo Fb

နှစ်ယောက်လုံးဟာ လက်ရှိမှာ Bkk ရောက်နေကြတာဖြစ်ပြီး သူတို့တင်ထားတဲ့ ပုံတွေမှာ နှစ်ယောက်အတူတူတွေ့နေတယ်လို့ ထင်ရတဲ့ သက်သေတစ်ချို့ တွေ့နေရတာမို့ ပရိသတ်တွေက သို့လော သို့လောနဲ့ အမျိုးမျိုး ထင်ကြေးပေးနေကြပါတယ် ....

ရွှေထူးဟာ မကြာခင်ကမှ နှစ်ပေါင်းများစွာတွဲခဲ့တဲ့ သူ့ရဲ့ ချစ်သူနဲ့ ပြတ်တာမကြာသေးသလို ၊ ရွှေမှုန်ရတီဟာလည်း သူမအရမ်းချစ်ခဲ့တဲ့ မောင် လို့ခေါ်တဲ့ ချစ်သူနဲ့ ပြတ်ထားတာ မကြာသေးပါဘူး ... သူတို့နှစ်ဦးဟာ မကြာခင်က "နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး ဒီဇာတ်ကားရိုက်ရင်း ရင်းနှီးပြီး ချစ်သူတွေ ဖြစ်သွားကြတာလား တွေးစရာပါပဲ...

ဒါမှမဟုတ် Bkk မှာ နှစ်ယောက်သား Mtv (သို့) ဇာတ်ကား ရိုက်ကူးနေကြတာပဲလား ??

သူတို့နှစ်ဦးဘက်မှလည်း ဒီသတင်းနဲ့ ပတ်သတ်ပြီး ဘာဖြေရှင်းမှုမျိုးမှမရှိသေးတဲ့အတွက် ဒီDating သတင်းဟာ မှန်၊မမှန်ဆိုတာတော့ စောင့်ကြည့်ကြရမှာပေါ့နော်...

ကဲ We ရဲ့ ပရိသတ်ကြီးရော သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကြည့်ရင်း ဘယ်လိုထင်လဲ ?

Photo Credit - Original uploader

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။