ရွှေထူး နဲ့ ရွှေမှုန်ရတီ တို့ရဲ့ Dating နောက်ကွယ်က ဖြစ်နိုင်ချေရှိတဲ့ လျို့ဝှက်ချက်တစ်ခု

မကြာခင်က ပေါ်မှာ ပျံ့နှံ့နေတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီး ရွှေမှုန်ရတီ တို့ရဲ့ Dating သတင်းဟာ အမှန်မဟုတ်နိုင်ကြောင်း သက်သေတစ်ချို့ တွေ့ရပါတယ်.. ဘာလို့လဲဆိုရင်တော့ ရွှေထူးရဲ့ ဘန်ကောက်ရောက်ရှိနေတဲ့ ပုံတွေမှာဆို ရိုက်ကူးရေး လုပ်နေကြောင်း သိသာတဲ့ များကို တွေ့ရပြီး နှစ်ယောက်လုံး တင်ထားတဲ့ ဟိုတယ်ခန်းက ပုံလေးမှာလဲ ဘောလုံးအဖြူလေးတွေ ပါနေသောကြောင့် ဒါဟာ ရွှေထူးရဲ့ မကြာခင်က ထွက်ရှိထားတဲ့ Candy ဆိုတဲ့ သီချင်းကို MV ရိုက်ကူးနေတာ ဖြစ်နိုင်ပြီး ဒီအခန်းတွေဟာလည်း  MV ထဲက ဇာတ်ဝင်ခန်း တစ်ချို့ဖြစ်နိုင်တယ်ဆိုတာပါပဲ…

နောက်က ရိုက်ကူးရေး ပစည်းတွေရယ် 

Caption က Candy ဆိုတဲ့ ပုံလေးရယ်

ဒါ့အပြင် Couple Shirt ဆင်တူနဲ့ သူတို့နှစ်ဦးကြည်နူးနေကြတဲ့ ပုံရိပ်တစ်ချို့ကလည်း ရွှေထူးရဲ့ MV ထဲက ဇာတ်ဝင်ခန်းတစ်ချို့သာ ဖြစ်နိုင်ပါတယ်… ဒီလို ပုံလေးတွေ တင်ပြီး ပရိသတ်ကို သို့လော သို့လော နဲ့ စိတ်ဝင်စားအောင် လုပ်ခြင်းဟာ မကြာခင် ထွက်ရှိလာမယ့် Candy MV အတွက် Attention ရအောင်ယူလိုက်ခြင်းလဲ ဖြစ်နိုင်ပါတယ်။

Candy Sticker

ဒီအဖြေကိုတော့ မကြာခင် ထွက်ရှိလာနိုင်ချေရှိတဲ့   ရွှေထူးရဲ့ သီချင်းသစ်လေးကို စောင့်ကြည့်ရင် သိနိုင်မှာပါ… သူတို့နှစ်ဦးကလည်း ဒီသီချင်းမထွက်မချင်း တစ်စုံတစ်ရာ ဖြေရှင်းခြင်းမရှိလောက်ပါဘူး… သီချင်းထွက်မှသာ ပရိသတ်တွေစောင့်ကြည့်ရင်း သိနိုင်မယ့်အဖြေတစ်ခုဖြစ်ပါတယ်… ဒါကြောင့် ဒီလိုတွေ ပရိသတ်တွေ အသည်းယားပြီး သိချင်နေအောင် ဆွဲဆောင်ထားခြင်းသည် မကြာခင်ထွက်ရှိမယ့် Candy Song MV အတွက် လှည့်ကွက်တစ်ခုလည်းဖြစ်နိုင်ပါတယ်…