ပြောစမှတ်တွင်ခဲ့တဲ့ ရွှေအိမ်စည်ရဲ့ Winner ဖြစ်စေခဲ့တဲ့ Answer

  မြန်မာပရိသတ်တွေတခဲနက်အားပေးတဲ့ သွက်လက်တဲ့ဟန်ပန်တွေနဲ့ အလှမယ်လေးရွှေအိမ်စည် ကတော့Miss Supranational Myanmar 2018 သရဖူကိုအရယူသွားပါပြီ။အရင့်အရင်ပြိုင်ပွဲတွေမှာလည်း သရဖူနဲ့ လွဲခဲ့ရတာတွေ သရဖူအသိမ်းခံခဲ့ရတာတွေစသဖြင့် ပြင်းထန်တဲ့ရိုက်ချက်တွေကိုခံခဲ့ရတာတွေကြောင့် Pageant လောကကိုစိတ်မဝင်စားတဲ့သူတွေတောင်မှ ရွှေအိမ်စည်ကိုစိတ်ဝင်စားလာကြတာပါ။   

Crd photo:MGLM Page

    အင်တာဗျူးတိုင်းမှာလည်းသူမတူအောင် ပွင့်ပွင့်လင်းလင်းဖြေတတ်တာတွေ နိုင်ငံခြားမှာအနေကြာလာတောင်မှနိုင်ငံချစ်စိတ်ပြင်းထန်တဲ့သူမလေးဟာပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေစေခဲ့တဲ့အချက်တစ်ခုပါပဲ။ Miss Supranational Myanmar ရဲ့ Final ပွဲမှာလည်း သူမရဲ့အမြင်ကိုပြတ်ပြတ်သားသား ဖြေခဲ့တာကြောင့်ပရိသတ်တွေရဲ့ လက်ခုပ်သံကိုရရှိခဲ့သလို ပြောစမှတ်တွင်ခဲ့တဲ့ Winner Answer ဖြစ်ခဲ့ပါတယ်။

Crd photo:Shwe Eain Si

Crd photo:Shwe Eain Si

ဘယ်လိုတွေဖြေခဲ့တယ်ဆိုတာကိုပြန်လည်မျှဝေလိုက်ပါတယ်။

အမေး- ယနေ့ခေတ် မြန်မာအလှမယ်လောကကို ညစ်နွမ်းစေတဲ့အဓိကအကြောင်းအရင်းက ဘာပါလဲ။

အဖြေ- ယနေ့ခေတ်မြန်မာMissလောကကို အဓိက ညှိုးနွမ်းစေတဲ့အရာကတော့ အိမ်စည်ကမတရားမှုလို့ဘဲမြင်ပါတယ်။ Personalအငြိုးအတေးထားတယ်လို့ပဲ

မြင်ပါတယ်။ဘာလို့လဲဆိုတော့အိမ်စည်တို့နိုင်ငံမှာအိမ်စည်တို့နေ့တိုင်းနေ့တိုင်းမြင်နေရတာပါပဲ။

တကယ်ဖြစ်သင့်တဲ့ တကယ့်ကို Talent ဖြစ်တဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ 

သူတို့အနေနဲ့ ထက်မြတ်လွန်းတာလား ဒါမှမဟုတ် တစ်ခါတစ်လေကျရင် စကားအပြောအဆို မတတ်တာလားကြောင့်ပေါ့။ အဲ့ဒီအတွက်ကြောင့် နေရာပေးမခံရဖူး။ Organization နဲ့ အဆင်ပြေတဲ့သူဘဲ နေရာပေးခံရတယ်။ ဒီကောင်မလေး ဘယ်လောက်ဘဲ Talent ဖြစ်ပါစေ ၊ဘယ်လောက်ဘဲ တော်ပါစေ ငါတို့နဲ့ အဆင်ပြေရမယ်ဆိုတဲ့စိတ်တွေရှိနေသေးလို့လည်းဒီ်လောကကြီးဟာ ညစ်နွမ်းနေတယ်လို့ အိမ်စည်ကမြင်ပါတယ်ရှင့်။အားလုံးကိုကျေးဇူးတင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။