မြန်မာ့အလှမယ်လောကကိုအားပေးတဲ့ ပရိသတ်တွေအတွက်မျက်နှာပန်းအပွင့်ဆုံးနှစ်တစ်နှစ်ဖြစ်လာလေမလား

    မြန်မာ့အလှမယ်လေးတွေဟာကမ္ဘာ့အဆင့်ကိုပြန်လည်ခြေလှမ်းခဲ့တာ (၂၀၁၃) ခုနှစ်ကတည်းကပါ။ အခုနှစ်(၂၀၁၈)အတွက်ဆိုရင် အလှမယ်တော်တော်များများကိုလည်းရွေးချယ်ပြီးပါပြီ။အဲ့ဒီအထဲကမှ ကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်းနားဆုံးBig (5)အဆင့်ရှိတဲ့ Miss  World နဲ့ Miss Supranational ပါဝင်ယှဉ်ပြိုင်မဲ့ အလှမယ်(၂)ယောက်ကတော့ပရိသတ်တွေအတွက်ဆုကြီးကြီးတွေယူဆောင်လာဖို့အရမ်းမျှော်လင့်တာကိုခံနေရတဲ့သူတွေလည်းဖြစ်ပါတယ်။

သူတို့တွေကတော့ 

ဟန်တီ(Miss World Myanmar 2018)

Crd photo:google

Crd photo:google

    ဟန်တီဟာ Miss Supranational  Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာစင်မြင့်ထက်မှာပြိုင်ပွဲဝင်ဖူး

တဲ့သူပါ။Miss Suparational ပြိုင်ပွဲမှာTop (10)ဝင်ခဲ့ပြီး Miss Internet နဲ့ Miss Asia and Oceania continental ကို ပါနိုင်ငံအတွက်သယ်ဆောင်လာပေးခဲ့တဲ့ အရမ်းကိုကြိုးစားအားထုတ်မှုရှိတဲ့အလှမယ် တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းသူမအနေနဲ့ Miss World ကိုပြန်လည်ယှဉ်ပြိုင်ခဲ့တဲ့အခါမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကအရမ်းကိုများနေခဲ့တာဖြစ်ပါတယ်။ ဒီလိုသွက်လက်ထက်မြက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့အလှမယ်လေးဟာ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက်ဆုတစ်ခုခုများ သယ်လာပေးမလားလို့ မျှော်လင့်မိပါတယ်။

 ရွှေအိမ်စည်(Miss Supranational Myanmar 2018)

Crd photo :MGLM Page

Crd photo :Shwe Eain Si

     ပရိသတ်အင်အားအရမ်းကိုများတဲ့အလှမယ်ကတော့ ရွှေအိမ်စည်ပဲဖြစ်ပါတယ်။ ရုပ်ရည်၊အရပ်အမောင်း၊ အသားအရေစတာတွေဟာအပြစ်ပြောစရာမရှိအောင်လှပတဲ့အပြင် အမေးအဖြေတွေမှာပွင့်ပွင့်လင်းလင်းနဲ့ ထိရောက်တဲ့စကားလုံးတွေကို ရွေးချယ်သုံးနှုန်းသွားတတ်တဲ့သူမကလည်း လုံးဝကိုပြီးပြည့်စုံတဲ့အလှမယ် တစ်ယောက်ပါ။ ပရိသတ်တွေကတော့အခုချက်ချင်းစင်မြင်ပေါ်တင်ပေးရင်တောင်အဆင့်သင့်ဖြစ်နေလောက် အောင်ပြည့်စုံနေတယ်လိုလည်းပြောနေကြပါတယ်။လက်ရှိအချိန်မှာတော့ရွှေအိမ်စည်အနေနဲ့ အဲ့ဒီလိုမျှော်လင့်ချက်တွေကြောင့်လည်းဖိအားအရမ်းကိုများနေနိုင်ပါတယ်။

   ဒီလိုမျိုးကြိုးစားအားထုတ်မှုရှိတဲ့အလှမယ်လေးတွေကြောင့် ရွှေမြန်မာတွေအတွက်ရင်ခုန်ရမ ဲ့နှစ်တစ်ခုဖြစ်လာမလားနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။