YBS ကားပေါ်မှာကြုံခဲ့ရတဲ့ သွေးပျက်စရာ အဖြစ်အပျက်တစ်ခု

ကာယကံရှင်ကို credit ပေးပါတယ်။ ကာယကံရှင်ရဲ့ အရေးအသားအတိုင်းပြန်လည်တင်ပြပေးလိုက်ပါတယ်။

ဒီနေ့ကြုံလိုက်ရတဲ့ ကိစ္စတစ်ခုက ကျမကိုတော်တော်လေးသွေးပျက်စေတယ်။
ဒီနေ့ကျောင်းကအပြန် ၅၆ ကိုစီးပြီး သခင်မြပန်းခြံအထိစီးခဲ့တာ။
ကားပေါ်မှာ ခါးပိုက်နှိုက်က ကျမပိုက်ဆံအိတ်ကိုနှိုက်ပြီး တဲ့အချိန် ကျမအိတ်ကိုပြန်စမ်းကြည့်နဲ့ကြုံတော့ ကားသမားကိုလှမ်းပြောလိုက်တယ်။ ခါးပိုက်နှိုက်ပါတယ်လို့ .. သူကားတံခါးမဖွင့်ပေးဘူး ပိတ်ထားဆဲပါ။ အခြေအနေမကောင်းမှန်းသိတော့ ပိုက်ဆံအိတ်ကိုအခြားတစ်ဖက်ကနေ ကားကြမ်းပေါ်ပစ်ချပြီး လှမ်းအော်တယ်။ ဒီမှာတဲ့ အိတ်ကလေ။
ကားပေါ်ပါတဲ့ အကိုတစ်ယောက်က ကောက်ပေးတယ်။ အိတ်ကိုပြန်စစ်ခိုင်းတယ်။ ပြန်စစ်လို့အကုန်ပါတယ်ပြောပြီး ကားတံခါးဖွင့်ပေးတဲ့အချိန် အနားကနေလူတစ်ယောက်ကအရမ်းတိုးတော့ လူအရမ်းကြပ်နေလို့လို့ထင်ခဲ့တာ။ ကားပေါ်မှာ လူတွေသိပ်မကျန်တဲ့အချိန်အောက်ရောက်မှလူတစ်ယောက်က ဓါးပါးပါးတစ်ခုကိုထောင်ပြတယ်။ အဲ့အချိန်ထိသိပ်မလန့်သေးဘူး။
အသားကတော့တုန်နေပြီ။ ကားပေါ်ကအကိုတစ်ယောက်ကပြောတယ်။ အဲ့ဒါအဖွဲ့လိုက်တဲ့။ ဂိတ်ဆုံးရောက်တဲ့အထိမသိသေးတာက ခါးအနားမှာသွေးစိုနေတာကို။ သိပ်မများပါဘူး။ အပေါ်ယံလောက်ပါပဲ ဒဏ်ရာကတော့ .. ဒါပေမယ့် တော်တော်လန့်သွားတယ်။
ဒါတောင်အနောက်ကအမတစ်ယောက်က သွေးစွန်းနေတယ်ပြောလို့ကြည့်မိလိုက်တာ။ အန်တီတွေက လမ်းနားမှာထိုင်ခိုင်းပြီး ရေလာတိုက်ပေးတယ်။ မျက်ရည်တွေကြနေပြီး တုန်နေလို့အနားမှာထိုင်စောင့်ပေးကြတယ်။
ဖုန်းဆက်ပြီးအိမ်ကိုခေါ်ပေးရမလားလို့မေးပေမယ့်ဘယ်သူ့ကိုမှဒုက္ခမပေးချင်တော့လို့မခေါ်ပါနဲ့ပြောပြီးကားပေါ်လိုက်တင်ပေးပြီးမှ ပြန်သွားကြတယ်။ Women safety need ဆိုတာဘာကိုပြောမှန်းတောင်မသိလောက်အောင်ပဲ။ အခုထိတော့ရင်တုန်နေဆဲ …။

Gabriel
Credit : Yangon Bus Service

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။