အခြားသူတွေထက်ခေါင်းတစ်လုံးသာနေဖို့ဒီလိုအချက်တွေကိုစွန့်လွှတ်လိုက်ပါ

  လူတိုင်းလူတိုင်းကတော့ဘဝမှာအောင်မြင်ချင်ကြတဲ့သူချည်းပါပဲ။ကြိုးစားအားထုတ်တာချင်း ဝါသနာပါတာချင်းအတူတူ ဒီလိုအချက်တွေရှိရင်ဘဝမှာအောင်မြင်မှုနဲ့ဝေးနေနိုင်ပါတယ်။ဒါကြောင့်မဖြစ်မနေကိုရှောင်ရှားသင့်ပါတယ်။

အကြောက်တရား

      ဘဝမှာရှုံးနိမ့်ခြင်းကို မကြောက်တတ်တဲ့သူတော့မရှိပါဘူးနော်။ ရှုံးနိမ့်မှာကို ကြောက်ပြီးဘာမှမလုပ်ဖူးဆိုရင်တော့ ဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ 

ပြောင်းလဲမှုကိုမလိုလား  

     ဒီနေ့ခေတ်မှာ တိုးတက်မှုတွေကမြန်မြန်ဆန်ဆန်ကိုဖြစ်ပေါ်နေမှာပါ။ အတတ်ပညာ၊ဗဟုသုတအသစ်တွေဟာအချိန်တိုင်းမှာ အသစ်အသစ်တွေဖြစ်ပေါ်နေလို့  ပြောင်းလဲသင့်ရင်ပြောင်းလဲရမှာပါ။ပြောင်းလဲမှုကိုကြောက်နေရင်နောက်ကောက်ကျနေမှာကျိန်းသေနေပါပြီ။

အခြားသူကိုအပြစ်တင်

    နေရာတကာမှာကိုယ့်တာဝန်ကိုမယူဘဲ တစ်ပါးသူပေါ်အပြစ်ဖို့တဲ့လူတွေကို အများကြီးတွေ့ရနိုင်ပါတယ်။ သင့်အနေနဲ့ဒီလိုအချက်တွေကိုလုံးဝကိုရှောင်ရှားပါ။ကိုယ့်လုပ်ရပ်အပေါ်မှာတာဝန်ယူမှုအပြည့်ရှိတဲ့လူတစ်ယောက်ဟာ လိပ်ပြာသန့်သန့်နဲ့နာမည်ကောင်းကျန်နေမှာပါ။

အကူအညီတောင်းဖို့မရှက်ပါနဲ့

    ဘယ်အရာမဆိုအလိုလိုနေရင်းတတ်မြောက်သွားတယ်ဆိုတာမရှိပါဘူးနော်။  “ဆရာမပြနည်းမကျ” ဆိုတဲ့စကားအတိုင်းကျွမ်းကျင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ရာ မှန်ကန်တဲ့လမ်းကြောင်းကိုညွှန်ပြပေးမဲ့ဆရာတစ်ယောက်လိုမှာပါ။ ကိုယ်ရွေးချယ်လိုက်အရာမှာ ပေါက်မြောက်ထူးချွန်နေတဲ့သူတွေရဲ့အကြံပြုချက်တွေလမ်းညွှန်မှုတွေကိုတောင်းခံဖို့မရှက်ပါနဲ့။

ပြီးပြည့်စုံဖို့ဆိုတဲ့အတွေး

     ပြီးပြည့်စုံတဲ့အချိန်ရောက်မှတကယ့်ကိုအဆင်သင့်ဖြစ်တော့မှအလုပ်တစ်ခုကိုစလို့မရပါဘူးနော်။ လူတော်တေ်ာများများဟာအဲဒီလိုတွေးတတ်ကြပါတယ်။အမှားအယွင်းတွေလုပ်မိမှာကြောက်နေစရာမလိုပါဘူး။ အတွေ့အကြုံကောင်းတွေဟာ အမှားတွေလုပ်မိရာကနေရရှိခဲ့တာပါပဲ။အောင်မြင်တဲ့သူတွေဟာ ပြီးပြည့်စုံဖို့ထိုင်စောင့်နေတဲ့လူတွေမဟုတ်ပါဘူး။

Source:successinsider

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။