အမွှေးအမျှင်တွေဖယ်ရှားတဲ့အခါမှာ ပြုလုပ်မိတတ်တဲ့အမှားများ…

     Shaving လုပ်တယ်ဆိုတာကို မိန်းကလေးတွေကပိုအသုံးပြုလေ့ရှိပါတယ်… ။
စကပ်အတို အပြတ်လေးတွေဝတ်တဲ့အခါမျိုးမှာ မလိုလားအပ်တဲ့ အမွှေးအမျှင်လေးတွေကို ဖယ်ရှားဖို့အတွက် Shaving လုပ်ဖို့လိုအပ်ပါတယ်… ။

တစ်ချို့တွေကတော့ ဆိုင်တွေမှာပြုလုပ်တတ်ကြပါတယ်… ။ ဆိုင်တွေမှာကတစ်လတစ်ခါလောက်ပဲ များသောအားဖြင့်ပြုလုပ်တတ်ကြပါတယ်။
ဒီလိုအခါမှာ Shaving လုပ်ပြီးအချိန်ကြာသွားတဲ့အခါ၊ နောက်ထပ်တစ်ခါ Shaving လုပ်ဖို့အချိန်မပေးနိုင်သေးတဲ့အခါမျိုးတွေမှာ အိမ်မှာပဲအလွယ်တကူ Shaving လုပ်ကြပါတယ်… ။
ဒီလိုအခါမှာပြုလုပ်မိတဲ့ အမှားလေးတွေကို ပြောပြလိုက်ပါတယ်နော်…။

     - Shaving မလုပ်ခင် သန့်ရှင်းရေးမလုပ်ခြင်းမျိုးကိုရှောင်သင့်ပါတယ်။ သင်စဉ်းစားကြည့်ပါ Razor နဲ့ သင့်အမွှေးအမျှင်တွေကိုရိတ်တဲ့အခါမှာ အရေပြားပေါ်ကနေ ခြစ်ပြီးလုပ်ရတာကြောင့် အရေပြားကို သန့်ရှင်းနေအောင်လုပ်ထားမှ Shaving လုပ်တဲ့အခါ ချောမွေ့ပြီး အသားအရေကိုလည်း မပျက်စီးစေပါဘူး။ အရေပြားကိုစိုနေအောင်လုပ်ပြီးမှ Shaving လုပ်တာက သင့်အသားအရေအတွက်ပိုကောင်းပါတယ်…။
     - အမျိုးသားများသုံးတဲ့ razor တွေသုံးတာကိုလည်း ရှောင်ကျဉ်သင့်ပါတယ်…။ အမျိုးသားသုံးတဲ့ Razor တွေက ဒီဇိုင်းပုံစံတစ်မျိုးနဲ့ထုတ်လုပ်ထားတာပါ…။ သူကမုတ်ဆိတ်မွှေးရိတ်တဲ့အခါမှာ သုံးတာဖြစ်တဲ့အတွက်ကြောင့် သင့်အသားအရေပေါ်တင်ပြီးလုပ်တဲ့အခါ အနာတရဖြစ်စေပါတယ်။ ချိုင်းမွှေးတို့၊ ဒူးခေါင်းနားကအမွှေးတို့ကို ရိတ်တဲ့အခါမှာ သင့်အနေနဲ့ ပုံစံမမှန်တဲ့အတွက်ကြောင့် ထိခိုက်ဒဏ်ရာရစေပါတယ်…။

     - Shaving Gel, Cream စတာတွေကို မသုံးဘဲ မလုပ်သင့်ပါဘူး…။ Shaving Cream သုံးတဲ့အခါမှာ ခန္ဓာကိုယ်က အမွှေးမျှင်တွေကို ကောင်းမွန်စွာ ပြောင်စင်စေပါတယ်…။ Shaving Cream မပါပဲ အသုံးပြုတာက သင့်အသားအရေရဲ့ အပေါ်ယံအလွှာကိုပါ ပါးလွှာပြီး အသားအရေကိုဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်။ သင့်အနေနဲ့ ရေချိုးခန်းထဲမှာ Shaving Cream ကိုဘူးလေးနဲ့ လိုရမယ်ရဆောင်ထားသင့်ပါတယ်…။

     - Shaving လုပ်တဲ့အခါမှာ အလွယ်တကူ ဆပ်ပြာနဲ့လုပ်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်… ။ Shaving Cream အစားဆပ်ပြာနဲ့ အမွှေးအမျှင်တွေကို ရိတ်မိနေပြီဆိုရင်တော့ ဒီအပြုအမှုကို လုံးဝရပ်လိုက်သင့်ပါတယ်… ။ ဆပ်ပြာဆိုတာက အရေပြားပေါ်မှာရှိနေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပြီး အဆီတွေကိုဖယ်ရှားပေးနိုင်တာကြောင့်၊ သင့်အရေပြားပေါ်က အဆီတွေကိုဖယ်ရှားပြီး အမွှေးအမျှင်တွေကို ရိတ်ပစ်ရတာကြောင့်  သင့်အသားအရေကိုခြောက်သွေ့ပျက်စီးစေပါတယ်…

     - သင့်ရဲ့ Razor ကို ရေချိုးခန်းထဲမှာသိမ်းထားတာမျိုးမလုပ်သင့်ပါဘူး… ။ သင့် Razor ကိုရေချိုးခန်းထဲမှာ သိမ်းထားတဲ့အခါ ရေချိုးခန်းကအစိုဓာတ်ကြောင့် ဓားသွားကိုသံချေးတက်စေပါတယ်။သင် အလျင်လိုပြီး သံချေးတက်နေတဲ့ Razor နဲ့ အသုံးပြုမိတဲ့အခါ အသုံးပြုမိတဲ့အခါ သင့်အသားအရေကို ပျက်စီးစေနိုင်ပါတယ်…။