Bff တွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းနေတဲ့ Selena Gomez

Selena ကတော့ သူမရဲ့ အသက် ၂၆ နှစ် ပြည့်ပြီးနောက်ပိုင်းမှာတော့ ပိုမိုရင့်ကျက်တည်ငြိမ်လာတယ်လို့ သူမရဲ့ ပရိသတ်တွေဟာ မှတ်ချက်ချခဲ့ကြပါတယ်… ဘာလို့လဲဆိုရင် သူမဟာ စီးပွားရေးမှာပိုမိုကြိုးစားလာသလို သူမရဲ့အနုပညာကိုလည်း သေချာအာရုံစိုက်ပြီး ကြိုးစားနေတာကို တွေ့ရလို့ပါပဲ.. မနာလိုသူတွေက သူမကို အမျိုးမျိုးတိုက်ခိုက်ကြပေမယ့် သူမဟာ ဘာတစ်ခုကိုမှ ဂရုတစိုက်ခံစားနေခြင်း မရှိသလို သူမဘဝရဲ့ နေ့ရက်တွေကို အကျိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေဆဲပါပဲ…

ဒါ့အပြင် သူမဟာ သူငယ်ချင်းတွေနဲ့လည်း ပိုမိုအချိန်ပေးဖြစ်လာတာကိုတွေ့ရသလို သူမရဲ့ သူငယ်ချင်းတွေဟာလည်း သူမကို ဘယ်လောက်ထိ ပျော်ရွှင်စေလဲဆိုတာ ဓာတ်ပုံလေးတွေက သက်သေပါပဲနော်…

ကဲ … သင့်မှာရော Selena လို အားငယ်၊ ဝမ်းနည်းချိန်တိုင်းမှာ ဘေးနားက အမြဲအားပေးပြီး ပျော်ရွှင်အောင်ဖန်တီးပေးတတ်တဲ့ Bff တွေရှိပြီလား 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။