သူငယ်ချင်းအဆင့်ထက်ပိုပြီးသင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာသိနိုင်တဲ့အချက်(၅)ချက်

  မိန်းကလေးတွေအနေနဲ့သူငယ်ချင်းတွေအထဲမှာ သင်ကြိတ်ပြီးတော့သဘောကျ နေတဲ့သူရှိတတ်ပါတယ်။သူကလည်းသင့်ကိုစိတ်ဝင်စားလားစိတ်မဝင်စားဘူးလားဆိုတာကို သေသေချာချာအဖြေထုတ်လို့မရဘူးဆိုရင် ဒီအချက်လေးတွေနဲ့တိုက်ဆိုင်ကြည့်လိုက်ပါဦး။

၁။ညဉ့်နက်တဲ့အချိန်အထိစာတွေပို့မယ်

    ညအိပ်ချိန်ရောက်နေတဲ့အချိန်မှာတောင်သင့်ဆီကိုအကြောင်းမရှိအကြောင်းရှာစာတွေပို့မယ်။

စကားတွေလာလာပြောနေမယ်။သင်စိတ်ဝင်စားလောက်တဲ့တစ်ခုခုကိုပြောပြီး သင်နဲ့ပိုမိုရင်းနှီးဖို့ကြိုးစားတယ်။

၂။သင့်ကိုစိုက်ကြည့်မယ်

   သူငယ်ချင်းတွေအများကြီးနဲ့စကားပြောနေတဲ့အချိန်မှာတောင်မှသူ့ရဲ့အာရုံစူးစိုက်မှုတွေကသင့်ဆီမှာပါ။

တခြားသူတွေကို မကြည့်ဘဲသင့်ကိုဘဲကြည့်နေတယ်ဆိုတာ သင်တစ်ခုခုမှားနေလို့မဟုတ်ပါဘူး။ သတိထားကြည့်မယ်ဆိုရင်သိသာတဲ့အချက်ပါပဲ။

၃။နှစ်ယောက်အတူအချိန်ဖြုန်းချင်တယ်

   အပြင်သွားဖို့လျှောက်သွားဖို့ခေါ်တာမျိုးရှိနိုင်တယ်။ဒါပေမဲ့လည်းတခြားသူတွေကိုခေါ်ဖို့ပြောရင်အကြောင်းအမျိုးမျိုးနဲ့ကန့်ကွက်မယ်။ဒါကတော့နှစ်ယောက်တည်းအချိန်ဖြုန်းချင်တဲ့သဘောပါ။

၄။သင့်ရဲ့ဖေစ့်ဘုတ်မှာမျက်စိလာရှုပ်နေမယ်

    သင်ဘာ post တွေတင်လဲဆိုတာကိုဂရုတစိုက်နဲ့လိုက်ဖတ်မယ်။ပြီးရင် like တွေcommentတွေလာပေးမယ်။သင်ကြိုက်နှစ်သက်တဲ့အရာလေ့လာတတ်တဲ့အရာတွေကို tag လာတွဲမယ်။ဒီလိုလုပ်တာကသင့်တစ်ယောက်တည်းကိုဖြစ်ပြီးတခြားသူငယ်ချင်းတွေအပေါ်တော့အဲ့ဒီလိုမလုပ်ပါဘူး။

၅။ရယ်စရာတွေပြောမယ်

   ယောကျာ်းလေးတွေဟာမိန်းကလေးတွေကို ရယ်အောင်စနောက်ရတာကို သဘောကျပါတယ်။သင့်ကိုရယ်စရာတွေလာလာပြောတာကိုသတိထားကြည့်ပါ။ဒီလိုမကြာခဏရယ်စရာတွေလာပြောနေတယ်ဆိုတာက သင့်ကိုအထင်ကြီးစေလိုတာရယ် သဘောကျစေချင်တာရယ်ကြောင့်ပါ။

Source:beautyandtips

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။